စင်္ကာပူ သူဌေး ” ကို အရမ်း အံ့သြ တုန် လှုပ် ‌စေ ခဲ့သော မအူပင် မြို့နယ် က က ရင် မ လေး အကြောင်း

အသား ဖြူဖြူ မျက်မှန် လေးနှင့် နူးနူး ညံ့ညံ့နေတတ် သော ဖွေးစိန်က နိုင်ငံကို ထိပါး၍ ပြောဆိုတာ ခံရသည့် အခါ ကျားသစ်မ တစ်ကောင်လို ပြန်တုန့်ရဲသည့်သတ္တိ။ မြန်မာတွေ မညံ့ကြောင်း တိုင်းတစ်ပါးသားကို သက်သေပြခဲ့သည့် သူမ၏ နိုင်ငံချစ် စိတ်ဓာတ်။ မိမိတို့ မြန်မာလူမျိုး ကို အထင် သေးသည့်သူထံမှ

မြန်မာ လူမျိုးမှန်လျှင် မိမိတို့နိုင်ငံအပေါ် မည်မျှချစ်ကြောင်း သစ္စာရှိကြောင်း ပြသရင်း ကိုယ့်မြန်မာနိုင်ငံသား ကို အထင်မသေးရဲအောင် စွမ်းဆောင် နိုင်ခဲ့သည့် “ဖွေးစိန်” ဆိုသော သူမ။ သူမသည် မအူပင်မြို့နယ် ထန်းပင်ကွေ့ ရွာမှ ကရင်လူမျိုးတစ်ဦးပင် ဖြစ်တော့သည်။ သူမ၏ နိုင် ငံချစ်စိတ် မဟုတ်မခံချင်စိတ် ကို လေး စားသော အားဖြင့် ဤစာစုဖြင့် သူမကို ဂုဏ်ပြုလိုက်ရပါသည်။ ဖွေးစိန်ကဲ့သို့ ရဲရင့်သော မိန်းကေ လးများ မြောက်များစွာ ပေါ်ထွန်းပါစေ ကြောင်းလည်း ဆန္ဒပြုမိပါ၏။

သမုဒ္ဒရာ ဝမ်းတစ်ထွာ မိသားစု အရေး ဘဝရှေ့ရေးအတွက် သူများနိုင်ငံ လာအလုပ်လုပ် တာလေ ကျွန် လာခံတာမှ မဟုတ်တာ အဖိနှိမ့်ခံ အြေ ပာအဆိုခံဖို့မှ မဟုတ်တာ။ သူတို့ ပေးတဲ့ လစာနဲ့ ထိုက်တန်တဲ့ လုပ်အားကို ပေးခဲ့တာပဲ အလုပ်ရှင် နဲ့အလုပ်သမားပဲ။ လူလူချင်းအပေါ် ငါလစာပေး ထားရတယ် ပိုက်ဆံပေးရတယ် ဆိုပြီး

သူတို့ပြောသမျှ ဆိုသမျှ ခေါင်းငုံ့ခံကာ နေတတ်တဲ့ သူတွေထဲ ဖွေးစိန် တစ်ယောက်မပါ။ လစာနဲ့ ထိုက်တန်တဲ့ လုပ်အားကို အပြည့်ပေးဆပ် ခဲ့တာ သူတို့ပြောသမျှ ဆိုသမျှ ခံနေရမှာတဲ့လား တန်းတူညီမျှမှု ခွဲခြား ဆက်ဆံမှု မရှိစေရဆိုတဲ့ ကိုယ်ပိုင် လူ့အခွင့်အရေး ဆိုတာ လူသားတို င်း ခံစားခွင့် ရှိနေတယ်မဟုတ်လား။ မိသားစုအရေးကြောင့် စကာင်္ပူကို စွန့်စားပြီး ထွက်ခွါ လာခဲ့ရတာ စင်္ကာပူ သွားရင် ဒါတွေ ဒါတွေ သင် ယူဖို့လိုတာ ဆိုတာတွေ အေဂျင့်တွေ စီစဉ်သမျှ ပေးသမျှ သင်တန်းတွေ

သင်ယူပြီးမှ ဖွေးစိန်က လာခဲ့တာ ဘလိုင်းသက်သက် လာခဲ့တာမဟုတ်ဘူး။ နင်တို့ မြန်မာတွေ ဘာမှ စောက်သုံး မကျဘူး ” တဲ့။ ပြောလိုက်တဲ့  သူဋ္ဌေးစကား အသဲ ကို ဆတ်ဆတ် ခါအောင် နာကျင်သွားတာ ပြောတာတောင် နိုင်ငံနဲ့ချီ ပြော တာ နိုင်ငံကို ထိပါးပြောတာ တစ်နိုင်ငံလုံးကို  စော်ကားလိုက်တာ။

ဖွေးစိန် တစ်ယောက်ထဲကို ” နင်က ဘာမှ အသုံးမကျဘူး ” ပြောရင် ခံနိုင်သေး သီးခံနိုင်သေး ခုက နိုင်ငံကို ထိပါးတဲ့ စကား ကို ပြောတာ ဖွေးစိန်  ဘယ်သီး ခံနိုင်ပါမလဲ။ျဖစ္ပုံက ဒီလို။ သူဋ္ဌေးက လျှာရှည် ပြီး အလုပ် နဲ့ မသက် ဆိုင်တဲ့ စကားအပိုတွေနဲ့ အင်္ဂလိပ်လို မေးတာ ပြောတာကို  ပြန်မ ပြောနိုင်လို့တဲ့လေ။

နင် တို့ မြန်မာတွေ ဘာမှ စောက်သုံးမကျဘူးဆိုပြီ ပြောလိုက်တာ။ ကိုယ်က အင်္ဂလိပ် လူမျိုးမှ မ ဟုတ်တာ အင်္ဂလိပ်တစ်ယောက်လို ဘယ်လိြုေ ပာနိုင်မလဲ အလုပ်ကိစ္စပဲ ပြောနိုင်မှာပေါ့။ ခု မင်းတို့ရွာက ဘာတွေလုပ်စားကြသလဲ အိမ်ခြေဘယ်လောက်ရှိလဲ မင်းတို့နိုင်ငံက အေး လား ပူလား ရာသီဥတုတွေကော ဘာတွေကော လိုက်မေးနေတာ အကုန်ဘယ်လိုပြောတတ်မှာလဲ လို့ ဒါကိုပဲ စောက်သုံးမကျဘူးပြောတော့ ခံနိုင်ရိုးလား။

သူဋ္ဌေး ကို မီးတောက်တဲ့ မျက်လုံး နဲ့ ပြန်ကြည့်ပြီး ဖွေးစိန် ပြန်ပြော လိုက်တယ်။ သူဋ္ဌေးကို ကျမစိန်ခေါ်တယ် ကျမ အသုံးကျ မကျ နောက်၂ နှ စ်ပြည့်ရင် သူဋ္ဌေးကပဲ ကျမတို့ ရဲ့စကားကို ပိုပြောနိုင်မလား ကျမကပဲ သူဋ္ဌေးတို့ရဲ့ စကား ကို ပိုပြောနိုင်မလား စိန်ခေါ်ရဲလား လို့ မေးလို က်တယ်။

သူဋ္ဌေး  ရဲ့ မျက်နှာမှာ ရုတ်ချည်းအံ့သြသွားတယ် မ မျော်လင့် တဲ့ စကားက သူဋ္ဌေးရဲ့ အရှိုက်ကို ထိပုံရတယ် နောက်မှ သူဋ္ဌေးက မဲ့ပြုံးပြုံးပြီး မင်းစိန်ေ ခ်ါမှုကို ငါလက်ခံတယ်တဲ့။ကျေးဇူးတင်ပါတယ် သူဌေး ဒီလိုစိန်ခေါ် နေတဲ့ နေ့ရက်မတိုင်ခင် ထိ

ကျမ ကို မင်းတို့ မြန်မာတွေ စောက် သုံးမကျဘူး ဆိုတဲ့စကား လုံးဝမပြောပါ ဆိုတာလည်း ကျမကို ကတိပေးဖို့ လိုမယ် ထင်တယ်။ အိုကေ လေ မင်းပြော တဲ့ ၂ နှစ်မပြည့်ခင်ထိ ငါမပြောဘူး စိတ်ချ ကတိပေးတယ်တဲ့။ ဖွေးစိန်လေ စိန်ခေါ်ထားမှတော့ ဘယ်အညံ့ခံမလဲ။ မြန်မာေ တွ မညံ့ဘူး ဆိုတာ သူဋ္ဌေး သိစေရမယ်။

မြန်မာေ တွ ဘယ်လောက်ထိ ထက် မြက်လည်း ဆိုတာ သူဌေးသိစေရမယ် ။ အလုပ်ပြီးတာနဲ့ အင်္ဂလိပ် စကားလေ့လာ မှန်ရှေ့မှာ မတ်တပ် ရပ် ကိုယ့်ကိုယ့် ကို ပြန်ကြည့်ုပီး အင်္ဂလိပ်ပြော လေ့ကျင့် တစ်ရက် နှစ်ရက် တစ်လ နှစ်လ တစ်နှစ် ၂ နှစ်။ သူဌေး ဒီနေ့ ကျမကို အချိန်ပေး နိုင်မ လား။ မင်းဘာလုပ် ဖို့လဲ ခွင့်ယူဖို့လား အပြင်ထွက်ဖို့လား။မဟုတ်ပါဘူး သူဋ္ဌေးနဲ့ ကျမ စားပွဲပေါ်မှာ ထိုင်ပြီး စကားတွေပြောချင်လို့ ပါ။

သူဋ္ဌေး မျက်ခုံးမြင့်တက် သွားတယ် တစ်ချက်စဉ်းစားတယ် ပြီးမှ ကောင်းပြီးလေ ဒီညနေ ငါအလုပ်က ပြန်လာတဲ့အခါ မင်းနဲ့ စားပွဲပေါ်မှာ စကားပြောကြ တာပေါ့ငါစောပြီး ပြန်လာခဲ့မယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ရပ်ကို သူဋ္ဌေး မေ့နေလောက်ပြီးမှန်း သူဋ္ဌေးကိုကြည့်တာ နဲ့ သိ နေပါ တယ် ပြောခဲ့သူအတွက် ပြောပြီးသား စကားလေထဲ ပျောက်ကွယ် သွားသလို

သူဋ္ဌေး ရဲ့ အသိမှာလဲ ပျောက်ကွယ်သွားပါပြီး။ အပြော ခံရသူအတွက် အသဲထဲ အရိုးထဲ စိမ့်နာသလို ဘယ်တော့မှ မမေ့ဘူးဆိုတာလည်း ဒီနေ့မှာ တော့ သူဋ္ဌေး သိသွားမှာပါ။ ဒါပေမဲ့ သူဋ္ဌေးနဲ့ ဖွေးစိန် ဆက်ဆံရေးက အရင် ၂ နှစ်တုန်းကလို သူစိမ်းမဆန်တော့ပါဘူး တကယ့်ကို မိသားစု သဖွယ် ဖြစ်နေပါပြီး စကား ဝိုင်းက နွေးထွေး မှာပါလေ။

သူဋ္ဌေး က သူ့စကား အတိုင်းပဲ ည နေ အစောကြီး ပြန်လာခဲ့တယ် အရင်တုန်းကလည်း မိသားစုတွေနဲ့ အတူ ထ မင်းစားနေကျမို့ ဒီနေ့မှာလည်း သူဋ္ဌေး တို့ မိသားစုတွေနဲ့ ထမင်းစားကြပါတယ်။ ကံကောင်းတာ တစ်ခုက သူဋ္ဌေးတို့ မိသားစုဟာ ဖွေးစိန်ကို အလုပ်သမားတစ်ဦးလို မဆက်ဆံ ပဲ ကောင်းကောင်းမွန်မွန် မိသားစုဝင်တစ်ယောက်လို ဆက်ဆံလေ့ရှိတာပါပဲ။

တစ်ခါ တစ်လေ အ ပြောအဆိုမတတ်တာက လွဲလို့ပေါ့။ ကဲ ဖွေးစိန် မင်းဘာပြောမလို့လဲ ပြောလို့ရပြီး။ သူဋ္ဌေးတို့ စင်ကာပူနိုင်ငံက တအားကို တိုး တက် ပြီး စည်းကမ်းရှိ လိုက်တာနော် နိုင်ငံကလူတွေလည်း ချမ်းသာတယ် နိုင်ငံလည်းချမ်းသာတယ် အာရှကျားလို့လဲ တင်စားခေါ် ဝေါ် တာ ခံရ တယ်

ဒီစင်္ကာပူ နိုင်ငံကြီးကိုလေ ။ ဘယ်ရမလဲ ဖွေးစိန်လေ စင်ကာပူနိုင်ငံ အကြောင်း ကမ္ဘာ့နိုင်ငံအကြောင်း ဖေ့ဘုတ်မှာ တင်သမျှ မှတ်ထားသမျှ လေ့ လာထား သမျှ တွေကို အင်္ဂလိပ် အားရပါးရပြောသွားလိုက်တာ ။ သူဋ္ဌေးဆို ငေးလို့ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတော့တာ စကား ဆုံးတော့မှ သူဋ္ဌေးက မေးတယ်။ မင်းတယ်ပြီးသိပါလား ငါတို့ နိုင်ငံအကြောင်းရော တခြားနိုင်ငံ အကြောင်းတွေရော ငါမထင်ထား ဘူး။

သူဋ္ဌေး လွန်ခဲ့ တဲ့ ၂ နှစ်က စိန်ခေါ်မှုတစ်ခုကို သူဋ္ဌေးမှတ်မိသေး လား ဘယ်သူက ဘယ်သူ့စကားကို ပိုပြောနိုင်တယ်ဆိုတာကိုလေ ခုသူဋ္ဌေး အလှည့် ကျမနိုင်ငံအကြောင်းကို ကျမမ မေးပါဘူး သူဋ္ဌေးနိုင်ငံ အကြောင်းကိုပဲ ကျမတို့စကားနဲ့ ပြောပြစမ်းပါ။ ဟာ ငါမင်းတို့ စကားမတတ်ဘူး မင်္ဂလာပါ တစ်လုံးထဲ တတ် တယ် ။

ဖွေးစိန်ပြုံး လိုက်တယ် ဒီအပြုံးက ဖွေးစိန်အတွက် တကယ့်ကို အရသာ ရှိတဲ့ တကယ့်ကို တစ်သက်အမှတ်ရစရာကောင်းတဲ့ အပြုံးတစ်ခုလို့ပဲ ဖွေးစိန် စိတ် ထဲ မှတ်ယူထားခဲ့တယ် ပြီးမှ တစ်လုံးချင်း သူဋ္ဌေးကို ပြောလိုက်တယ်။ သူဋ္ဌေး လူတိုင်းမှာ နိုင်ငံချစ်စိတ်ရှိတယ် ဆိုတာ သူဋ္ဌေး မမေ့ပါနဲ့ နိုင်ငံကို ထိရင် ဘယ်လူမျိုးမှ သီးခံနိုင်မှာ မဟုတ်ဘူးဆို တာ သူဋ္ဌေးမမေ့ပါနဲ့ ခု သူဋ္ဌေး ဝန်ခံလိုက် စမ်းပါ ကျမတို့ မြန်မာတွေ ဟာ သူဋ္ဌေး ထင်သလို မညံ့ဘူးဆို တာ ဝန်ခံလိုက် စမ်း ပါ ။

ဖွေးစိန် ဒီစကား ကို ပြောလိုက် တဲ့ အချိန်မှာ သူဋ္ဌေးက အံ့သြမှင်သက်စွာပဲ ဖွေးစိန်ကို မမြင်ဖူးသလို ကြည့်ပြီး။ တောင်းပန်ပါတယ် မင်းတို့ နိုင်ငံ ကို စော်ကားပြီး ပြောမိသလိုဖြစ် သွားတာ အဲဒီတုန်းက ငါပြောတာမင်းနားမလည်လို့ စိတ်တိုပြီး ပြောမိခဲ့တာ နိုင်ငံကို ထိပါးပြီး ရည် ရွယ်ပြောခဲ့ တာမဟုတ်ပါဘူး အဲလို သဘောသက်ရောက်ရင်လည်း တောင်းပန်ပါတယ်မင်းတို့မြန်မာတွေဟာ လုံးဝမညံ့ဘူးဆိုတာ ငါဝန် ခံပါ တယ် ။ ဒီထက်ပိုပြီး မင်းကို ပြောစရာ ရှိတာက မင်းတို့မြန်မာတွေဟာ ကိုယ့်နိုင်ငံကို ထိပါးရင် သူများတွေထက် ပိုပြီ။ မခံမရပ်နိုင်အောင် နိုင်ငံ ကို ချစ်တယ်ဆိုတာလည်း ငါသ ဘောပေါက်လိုက်ပြီး လို့ သူဋ္ဌေးက ဝန်ခံချီးကျူးစကားကို ပြောဆိုလိုက်ပါတယ်။

ဒီစကား ဟာ သူဋ္ဌေးရဲ့ ရင်ထဲက လေးလေး နက်နက် ထွက်လာတဲ့ စကားဆို တာလည်း သူဋ္ဌေးရဲ့ အမူအရာက သက်သေခံနေခဲ့ပါတော့ တယ် ။ အားနဲ့ မာန်နဲ့ စကားတွေ သူ့အဖြစ်ကို ပြောပြနေ သော ဖွေးစိန်ကို ကျ တော်ငေးကြည့်မိသည်။ မှတ်ချက်။ ။ အင်္ဂလိပ် ကို မြန်မာ ဘာ သာ ပြန်ရာတွင် အဓိပ္ပါယ် မပြည့်စုံမှု စကားလုံးပိုလွန်ရှိပါ ဘာသာပြန်သူ မိမိ၏ အားနည်းချွတ်ယွင်းချက်သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါ သည်။

အမျိုးများ အားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit  to  original

Add a Comment

Your email address will not be published. Required fields are marked *