နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ဖြင့် ချုပ်ရက် ခံစား ခွင့် မရှိ အလုပ် ကြမ်း နှင့် ထောင် ဒဏ်(၂)နှစ် ချမှတ် လိုက်




crd : Myanmar Now

unicode

အ သက် (၆၉) နှစ် အရွယ် ဦးကျော်မြင့် သည် ၁၉၉၉ ခုနှစ် တွင် မန္တလေး အိုးဘိုထောင် ၌ ထောင်ကျ နေစဉ် ထွက်ပြေးခဲ့ ခြင်းဖြစ် ပြီး ၎င်း အား ထောင်ပြေး မှု ဖြင့် ရဲတပ် ဖွဲ့က မကြာသေး မီ စက်တင် ဘာ (၂၉) ရက် တွင် ဖမ်းဆီးခဲ့ ကာ မန္တလေး မြို့ ချမ်းအေးသာစံ မြို့ နယ်တရားရုံး တွင် တစ်လ ကြာအမှု စစ်ဆေးခဲ့ပြီး ယ နေ့  တွင် အမိန့် ချမှတ် ခဲ့ခြင်းဖြစ် သည် ။

၎င်း အား လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဥပဒေ ချိုးဖောက် မှု ဖြင့် လည်း ရဲတပ်ဖွဲ. က အမှုဖွင့် ထားပြီး ထိုအမှု အတွက် တရားခွင့် လျှောက်လဲ ချက် လည်း ဦးကျော်မြင့် ၏ ရှေ.နေ က ယ နေ့ ပြု လုပ် ခဲ့ သည် ။

ဦးကျော်မြင့်သည် အမှု ဟောင်း မှ ကြွေးကျန်ပြစ် ဒဏ် အနည်းဆုံး ရှစ်နှစ် ကို ကျခံရ မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာ န အကျဉ်းဦးစီး ဌာန ပြောရေးဆိုခွင့် ရှိ သူ ဦးရဲရင့်နိုင် က Myanmar Now ကို ပြောကြား ထား သည် ။

crd : Myanmar Now

Add a Comment

Your email address will not be published. Required fields are marked *