ကိုဗစ္ ကာကြယ္ေဆး ကို ေဖၚစပ္ လိုက္ သူ က ေတာ့ တူရကီ ဂ်ာမာန္ လူမ်ိဳး Dr. Ugur Sahin ဆို တဲ့ Immunotherapy ကိုယ္ ခံ စြမ္းအား နဲ႔ ဆိုင္ တဲ့ ေဆး ဆရာဝန္တစ္ ေယာက္ ပါ ။ သူ႔ ကုမၸဏီ ကBioNTech လို႔ေခၚပါတယ္။
သူ ဟာ ဂ်ာမဏီမွာ ေန တဲ့ အစၥလာမ္ ဘာသာဝင္ တစ္ဦးပါ ။ လင္မယား ႏွစ္ေယာက္လုံး က ေဆး ထုတ္လုပ္ တဲ့ ပညာရွင္ ေတြျဖစ္ ၾက ပါတယ္ ၊ သူတို႔ ဟာ လူ႔ခႏၲာ ကိုယ္ ထဲ က ဆဲလ္ေတြ ကို စူပါမင္း လိုျဖစ္ေအာင္ျပင္ ၿပီး ကင္ဆာ ဆဲလ္ေတြ ကို တိုက္ ထုတ္ နိုင္ တဲ့ ေဆး ကို ေအာင္ျမင္ ေအာင္ ထုတ္ လုပ္ ခဲ့ဖူး ပါတယ္ ။ လူကီးမီးယား တို႔ ဦးေဏွာက္ ကင္ဆာ ရင္သား ကင္ဆာ နဲ႔ကင္ဆာအေတာ္မ်ားမ်ားကို အဲ့ဒီ Immunotherapy နည္း နဲ႔စၿပီး ကုသေနၾကပါၿပီ။
သူ႔ ရဲ႕ Immunotherapy ဆိုင္ ရာ ေတြ႕ရွိမႈေတြ ေၾကာင့္ သူ ဟာ ကုေဋႂကြယ္ ဘီလီယံနာႀကီး ျဖစ္လာပါတယ္။အလြန္ခ်မ္းသာေပမဲ့ သူတို႔လင္ မယား ဟာ ရိုးရိုး ရွင္းရွင္း ေန ၿပီး ေဆးသုေတသန ေတြ ပဲ စိတ္ ဝင္စား ပါ တယ္ ။ ဒီ ကိုရိုနာ ဗိုင္းရပ္စ္ ပိုး ကို သူတို႔ေတြ႕ ထား တဲ့ mRNA နည္း နဲ႔ ကာကြယ္ေဆး ေဖၚ နိုင္ မယ္လို႔ ယုံၾကည္ တဲ့ အတြက္ သူတို႔ ဟာ ေဖေဖၚဝါရီလ ကတည္း ကစၿပီး စမ္းသပ္ ခဲ့ ပါ တယ္ ။သူတို႔ ကုမၸဏီ ဟာ ကမၻာ့ လူဦးေရ အတြက္ ေဆး အလုံး ေရ ဘီလီယံ ေပါင္းမ်ားစြာ ထုတ္ နိုင္ ဖို႔ အား မ ရွိ လို႔ ေဆးေလာကမွာ အႀကီးဆုံးကုမၸဏီတခုျဖစ္တဲ့ အေမရိကန္ကုမၸဏီ Pfizer နဲ႔ ကိုဗစ္ကာကြယ္ေဆးကို ေပါင္းထုတ္ေနပါတယ္။
အခု သူတို႔ ကိုဗစ္ ကာကြယ္ေဆးေၾကာင့္ ဘယ္ေလာက္ ထပ္ၿပီး ခ်မ္းသာ လာမလဲဆိုတာ မွန္းလို႔မရပါဘူး။သူ႔ရဲ့ေဆးဟာ messanger RNA နည္းနဲ ႔ထုတ္ထား တဲ့ေဆး ပါ ။ ကမၻာ မွာ ပထမဆုံးနည္း စနစ္ ျဖစ္ပါတယ္။ႏွစ္တရာအတြင္း ေဆးေလာကရဲ့ အျမင့္မားဆုံး ေအာင္ျမင္ မႈ မွတ္ တမ္း လို႔ ဆို ပါ တယ္ ။ သူတို႔ လင္မယား ဟာ ေဆးပညာဆိုင္ရာ နိုဗယ္လ္ဆု ရဖို႔ ေသခ်ာ သ ေလာက္ ပါ ပဲ ။
source : Kyaw Swa Min
ref : SanThitLa
unicode
ကိုဗစ် ကာကွယ်ဆေး ကို ဖေါ်စပ် လိုက် သူ က တော့ တူရကီ ဂျာမာန် လူမျိုး Dr. Ugur Sahin ဆို တဲ့ Immunotherapy ကိုယ် ခံ စွမ်းအား နဲ့ ဆိုင် တဲ့ ဆေး ဆရာဝန်တစ် ယောက် ပါ ။ သူ့ ကုမ္ပဏီ ကBioNTech လို့ခေါ်ပါတယ်။
သူ ဟာ ဂျာမဏီမှာ နေ တဲ့ အစ္စလာမ် ဘာသာဝင် တစ်ဦးပါ ။ လင်မယား နှစ်ယောက်လုံး က ဆေး ထုတ်လုပ် တဲ့ ပညာရှင် တွေဖြစ် ကြ ပါတယ် ၊ သူတို့ ဟာ လူ့ခန္တာ ကိုယ် ထဲ က ဆဲလ်တွေ ကို စူပါမင်း လိုဖြစ်အောင်ပြင် ပြီး ကင်ဆာ ဆဲလ်တွေ ကို တိုက် ထုတ် နိုင် တဲ့ ဆေး ကို အောင်မြင် အောင် ထုတ် လုပ် ခဲ့ဖူး ပါတယ် ။ လူကီးမီးယား တို့ ဦးဏှောက် ကင်ဆာ ရင်သား ကင်ဆာ နဲ့ကင်ဆာအတော်များများကို အဲ့ဒီ Immunotherapy နည်း နဲ့စပြီး ကုသနေကြပါပြီ။
သူ့ ရဲ့ Immunotherapy ဆိုင် ရာ တွေ့ရှိမှုတွေ ကြောင့် သူ ဟာ ကုဋေကြွယ် ဘီလီယံနာကြီး ဖြစ်လာပါတယ်။အလွန်ချမ်းသာပေမဲ့ သူတို့လင် မယား ဟာ ရိုးရိုး ရှင်းရှင်း နေ ပြီး ဆေးသုတေသန တွေ ပဲ စိတ် ဝင်စား ပါ တယ် ။ ဒီ ကိုရိုနာ ဗိုင်းရပ်စ် ပိုး ကို သူတို့တွေ့ ထား တဲ့ mRNA နည်း နဲ့ ကာကွယ်ဆေး ဖေါ် နိုင် မယ်လို့ ယုံကြည် တဲ့ အတွက် သူတို့ ဟာ ဖေဖေါ်ဝါရီလ ကတည်း ကစပြီး စမ်းသပ် ခဲ့ ပါ တယ် ။သူတို့ ကုမ္ပဏီ ဟာ ကမ္ဘာ့ လူဦးရေ အတွက် ဆေး အလုံး ရေ ဘီလီယံ ပေါင်းများစွာ ထုတ် နိုင် ဖို့ အား မ ရှိ လို့ ဆေးလောကမှာ အကြီးဆုံးကုမ္ပဏီတခုဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ Pfizer နဲ့ ကိုဗစ်ကာကွယ်ဆေးကို ပေါင်းထုတ်နေပါတယ်။
အခု သူတို့ ကိုဗစ် ကာကွယ်ဆေးကြောင့် ဘယ်လောက် ထပ်ပြီး ချမ်းသာ လာမလဲဆိုတာ မှန်းလို့မရပါဘူး။သူ့ရဲ့ဆေးဟာ messanger RNA နည်းနဲ ့ထုတ်ထား တဲ့ဆေး ပါ ။ ကမ္ဘာ မှာ ပထမဆုံးနည်း စနစ် ဖြစ်ပါတယ်။နှစ်တရာအတွင်း ဆေးလောကရဲ့ အမြင့်မားဆုံး အောင်မြင် မှု မှတ် တမ်း လို့ ဆို ပါ တယ် ။ သူတို့ လင်မယား ဟာ ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆု ရဖို့ သေချာ သ လောက် ပါ ပဲ ။
source : Kyaw Swa Min
ref : SanThitLa