ေရြးေကာက္ပြဲ အႏိုင္ရရွိခဲ့တဲ့ ဂ်ိဳးဘိုင္ဒန္ကို အေမရိကန္ သမၼတ အျဖစ္ အသိ အမွတ္ျပဳေၾကာင္း တ႐ုတ္ ေၾကညာ လိုက္ၿပီ

ေရြးေကာက္ ခံ အေမရိကန္ သမၼတ ဂ်ိဳး ဘိုင္ဒန္ ကို အသိ အမွတ္ျပဳ ဖို႔ ၾကန႔္ ၾကာ ေန တဲ့ နိုင္ ငံ အနည္းငယ္ ထဲ က တ႐ုတ္ က ေတာ့ ဒီေန႔ ေသာၾကာေန႔ မွာ အသိ အမွတ္ျပဳ ေၾကာင္း ေၾကညာ လိုက္ ၿပီျဖစ္ ပါ တယ္ ။

တခ်ိန္ တည္း မွာ ပဲ တ႐ုတ္ နဲ႔ အေမရိကန္ ၾကား တင္းမာ မႈ ျဖစ္ေနတဲ့ ကုန္ သြယ္ ေရး၊ နည္း ပညာနဲ႔ လုံျခဳံေရး ဆိုင္ရာ မူဝါဒ ေတြကို လည္း အနည္း ငယ္ေျပာင္း လာဖို႔ တ႐ုတ္ ဖက္ေမၽွာ္လင့္ တယ္ လို႔ နိုင္ငံျခားေရး ဝန္ႀကီးဌာနေျပာခြင့္ ရသူ ဝမ္ ဘင္း ကေျပာ ပါ တယ္ ။

“အေမရိကန္ ျပည္သူေတြ ရဲ႕ ေရြးခ်ယ္မႈ ကို က်ေနာ္တို႔ ေလးစားပါတယ္။ မစၥတာ ဘိုင္ဒန္ နဲ႔ မစၥ ဟာရီစ္ တို႔ ကို ေလးစားဂုဏ္ျပဳပါတယ္” လို႔ ဝမ္ဘင္း က ဆို ပါ တယ္ ။

ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ တ႐ုတ္ နဲ႔ အေမရိကန္ ၾကား ဆက္ဆံေရး ဟာ ဆယ္စု ႏွစ္ေတြ အတြင္း အနိမ့္ဆုံး အဆင့္ကို ေရာက္ေန ပါ တယ္ ။ နည္း ပညာ ရည္မွန္း ခ်က္ျမင့္မားမွု၊ ကုန္သြယ္ ေရး အသာရ လိုမႈ ၊ သူလၽွို စြပ္စြဲ မႈ ၊ လူ႔အခြင့္အ ေရးကိစၥ၊ ကိုဗစ္ ေရာဂါ အ ေပၚ အျငင္း ပြား မႈ ၊ ေဟာင္ေကာင္ ကၽြန္း အ ေရး ၊ ေတာင္ တ႐ုတ္ ပင္လယ္ ထိမ္းခ်ဳပ္ေရး ေတြနဲ႔ ပတ္သတ္ ၿပီး လည္း တ႐ုတ္ နဲ႔ အေမရိကန္ ၾကားမွာ ျငင္းခုန္မွုေတြ ရွိေနခဲ့တာပါ။

ထရမ့္ အစိုးရ က တ႐ုတ္ ကို လုံျခဳံေရး အရ ၿခိမ္းေျခာက္ ေနတဲ့ နိုင္ငံတစ္ခု အျဖစ္ ရွုျမင္ ၿပီး တ႐ုတ္ ကုမဏီေတြ ကို စီးပြာ းေရး  ပိတ္ဆို ႔ထားပါတယ္။ ေလ့လာသူေတြရဲ့အဆိုအရ ထရမ့္ဟာ ေရြးေကာက္ပြဲမွာ ရွုံးသြားသည့္တိုင္ သမၼတတာဝန္ မလႊဲခင္ကာလအတြင္း ရသမၽွအခြင့္ အာဏာ ကိုသုံးၿပီး တ႐ုတ္အေပၚ ဖိအားေပးမွု ဆက္လုပ္သြားဖြယ္ရွိေနပါတယ္။

ထရမ့္ ဟာ စီးပြားေရးနဲ႔ ကုန္သြယ္ေရးကိစၥတင္မကပဲ ဆိုရွယ္မီဒီယာ ကုပဏီႀကီးေတြျဖစ္တဲ့ တစ္ေတာ့နဲ႔ ဝီခ်က္ တို႔ကိုလည္း အေမရိကန္မွာ သုံးခြင့္မ ရေအာင္ လုပ္ေဆာင္ေနသူျဖစ္ပါတယ္။

ဘိုင္ဒန္ က ေတာ့ ရာသီဥတုေဖာက္ျပန္မွုတားဆီးေရး၊ ေျမာက္ကိုးရီးယားအေရး၊ အီရန္အေရးနဲ႔ ကိုဗစ္ကာကြယ္ေရးေတြကို တ႐ုတ္နဲ႔ပူးေပါင္းေဆာင္ ရြက္ဖြယ္ရွိေနတယ္လို႔ အကဲခတ္ ေတြကဆိုပါတယ္။ ဒါေပမယ့္ လုံျခဳံေရးနဲ႔ ကုန္သြယ္ေရးကိစၥမွာေတာ့ ဘိုင္ဒန္ဖက္က မူဝါဒ ဘယ္လိုရွိ မလဲဆိုတာ မသိနိုင္ေသး ပ ါဘူး ။

unicode

ရွေးကောက် ခံ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် ကို အသိ အမှတ်ပြု ဖို့ ကြန့် ကြာ နေ တဲ့ နိုင် ငံ အနည်းငယ် ထဲ က တရုတ် က တော့ ဒီနေ့ သောကြာနေ့ မှာ အသိ အမှတ်ပြု ကြောင်း ကြေညာ လိုက် ပြီဖြစ် ပါ တယ် ။

တချိန် တည်း မှာ ပဲ တရုတ် နဲ့ အမေရိကန် ကြား တင်းမာ မှု ဖြစ်နေတဲ့ ကုန် သွယ် ရေး၊ နည်း ပညာနဲ့ လုံခြုံရေး ဆိုင်ရာ မူဝါဒ တွေကို လည်း အနည်း ငယ်ပြောင်း လာဖို့ တရုတ် ဖက်မျှော်လင့် တယ် လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့် ရသူ ဝမ် ဘင်း ကပြော ပါ တယ် ။

“အမေရိကန် ပြည်သူတွေ ရဲ့ ရွေးချယ်မှု ကို ကျနော်တို့ လေးစားပါတယ်။ မစ္စတာ ဘိုင်ဒန် နဲ့ မစ္စ ဟာရီစ် တို့ ကို လေးစားဂုဏ်ပြုပါတယ်” လို့ ဝမ်ဘင်း က ဆို ပါ တယ် ။

ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ် နဲ့ အမေရိကန် ကြား ဆက်ဆံရေး ဟာ ဆယ်စု နှစ်တွေ အတွင်း အနိမ့်ဆုံး အဆင့်ကို ရောက်နေ ပါ တယ် ။ နည်း ပညာ ရည်မှန်း ချက်မြင့်မားမှု၊ ကုန်သွယ် ရေး အသာရ လိုမှု ၊ သူလျှို စွပ်စွဲ မှု ၊ လူ့အခွင့်အ ရေးကိစ္စ၊ ကိုဗစ် ရောဂါ အ ပေါ် အငြင်း ပွား မှု ၊ ဟောင်ကောင် ကျွန်း အ ရေး ၊ တောင် တရုတ် ပင်လယ် ထိမ်းချုပ်ရေး တွေနဲ့ ပတ်သတ် ပြီး လည်း တရုတ် နဲ့ အမေရိကန် ကြားမှာ ငြင်းခုန်မှုတွေ ရှိနေခဲ့တာပါ။

ထရမ့် အစိုးရ က တရုတ် ကို လုံခြုံရေး အရ ခြိမ်းခြောက် နေတဲ့ နိုင်ငံတစ်ခု အဖြစ် ရှုမြင် ပြီး တရုတ် ကုမဏီတွေ ကို စီးပွာ းရေး  ပိတ်ဆို ့ထားပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ ထရမ့်ဟာ ရွေးကောက်ပွဲမှာ ရှုံးသွားသည့်တိုင် သမ္မတတာဝန် မလွှဲခင်ကာလအတွင်း ရသမျှအခွင့် အာဏာ ကိုသုံးပြီး တရုတ်အပေါ် ဖိအားပေးမှု ဆက်လုပ်သွားဖွယ်ရှိနေပါတယ်။

ထရမ့် ဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စတင်မကပဲ ဆိုရှယ်မီဒီယာ ကုပဏီကြီးတွေဖြစ်တဲ့ တစ်တော့နဲ့ ဝီချက် တို့ကိုလည်း အမေရိကန်မှာ သုံးခွင့်မ ရအောင် လုပ်ဆောင်နေသူဖြစ်ပါတယ်။

ဘိုင်ဒန် က တော့ ရာသီဥတုဖောက်ပြန်မှုတားဆီးရေး၊ မြောက်ကိုးရီးယားအရေး၊ အီရန်အရေးနဲ့ ကိုဗစ်ကာကွယ်ရေးတွေကို တရုတ်နဲ့ပူးပေါင်းဆောင် ရွက်ဖွယ်ရှိနေတယ်လို့ အကဲခတ် တွေကဆိုပါတယ်။ ဒါပေမယ့် လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စမှာတော့ ဘိုင်ဒန်ဖက်က မူဝါဒ ဘယ်လိုရှိ မလဲဆိုတာ မသိနိုင်သေး ပ ါဘူး ။

Add a Comment

Your email address will not be published. Required fields are marked *