အား တက္ ဖြယ္ ရာ ရလဒ္ ေကာင္း နဲ႔ ပြဲထြက္ လာတဲ့ COVID-19 ကာကြယ္ေဆး သစ္ ( ေဆးဝါးသစ္က ဘယ္ေလာက္ ထိေရာက္ မႈ ရွိသ လဲ )

COVID-19 ရဲ့ ကမၻာနဲ႔ အဝွမ္း ထိခိုက္ပ်က္စီးေစမႈေတြေၾကာင့္ လူတိုင္းက ေရာဂါ ကာကြယ္ေပးနိုင္မယ့္ ကာကြယ္ေဆ;ကို ေတာင့္တေနၾကတာ ပါ။ ေဆးဝါးကုမၸဏီေတြကလည္း အမ်ိဳးမ်ိဳးစမ္းသပ္တီထြင္မႈေတြ ျပဳလုပ္ေနၾကပါတယ္။ ဒီလိုစမ္းသပ္မႈေတြၾကားထဲကေန ရလဒ္ေကာင္းေတြ နဲ႔ ေဆးဝါးသစ္တစ္မ်ိဳးေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ ထိပ္တန္း ေဆးဝါးထုတ္လုပ္သူျဖစ္တဲ့ Pfizer ရဲ့ ေဆးဝါးသစ္ဟာ ရလဒ္ေကာင္းေ တြ နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ စမ္းသပ္မႈေတြအရ ေဆးဝါးသစ္ရဲ့ ေရာဂါကာကြယ္နိုင္စြမ္းက ၉၀% ေက်ာ္ ထိေရာက္မႈရွိတယ္လို႔ သူတို႔က တ ရားဝင္ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ လူေပါင္း ၁.၂ သန္းေက်ာ္ရဲ့ အသက္ကိုႏႈတ္ယူသြားတဲ့ ေရာဂါဆိုးႀကီးကို တိုက္ထုတ္ရာမွာ တစ္ဖက္ တစ္လမ္းကေန ကူညီနိုင္ေတာ့မယ့္ ဟန္ပါပဲ။ တစ္ကမၻာလုံးက စိုးရိမ္ပူပန္ေနသူေတြအတြက္လည္း သတင္းေကာင္းျဖစ္လာနိုင္ေျခမ် ားေနၿပီလို႔ ဆိုရမွာပါ။

Fortune 500 စာရင္း ဝင္ အေမရိကန္ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီႀကီး Pfizer ဟာ ဂ်ာမန္ေဆးဝါးကုမၸဏီတစ္ခုျဖစ္တဲ့ BioNTech နဲ႔ ပူးေပါင္း ၿပီး COVID-19 ကာကြယ္ေဆးထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈရလဒ္ေတြကို ထုတ္ျပန္လိုက္ရာ မွာေတာ့ အားရဖြယ္ရာ အခ်က္အလက္ေတြ ပါဝင္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိရလဒ္ေတြဟာ ပထမအဆင့္ သုံးသပ္ခ်က္ ရလဒ္ေတြသာျဖစ္ၿပီးေတာ့ ဘက္မလိုက္ျပင္ပပညာရွင္ေတြရဲ့ သုံးသပ္ခ်က္ေတြ ထပ္မံလိုအပ္ဦးမွာျဖစ္ပါတယ္။

ေဆးဝါးသစ္ က ဘယ္ေလာက္ထိေရာက္မႈရွိသလဲ

ကုမၸဏီ ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ေဆးဝါးသစ္ဟာ ေရာဂါကို တားဆီးနိုင္စြမ္းေကာင္းမြန္ၿပီး သုေတသနရလဒ္ေတြအရဆိုရင္ ၉၀% ေက်ာ္ အထိ ကာကြယ္နိုင္တယ္လို႔ ဆိုထားပါတယ္။ အထူးသျဖင့္ ေစတနာ့ဝန္ထမ္း စမ္းသပ္ခံသူေတြအားလုံးမွာ သိသာထင္ရွားတဲ့ ေရာဂါကူးစက္ခံရ မႈလကၡဏေတြ မျပသခဲ့ဘူးလို႔ ဆိုထားတာပါ။ အထူးျခားဆုံးအခ်က္ကေတာ့ လူ ၃၉၈၆၂ ဦးကို စမ္းသပ္ခဲ့တဲ့ အခ်ိန္ ၂ လတာကာလအ တြင္း ေဘးထြက္ဆိုးက်ိဳးတစ္စုံတစ္ရာ ျပသျခင္းမရွိခဲ့တာပါပဲ။ Pfizer မတိုင္ခင္တုန္းက ေနာက္ဆုံးစမ္းသပ္မႈအဆင့္အထိ ေရာက္ရွိ ခဲ့တဲ့ ေဆးဝါးတစ္ခ်ိဳ႕ဟာ ေဘးထြက္ဆိုးက်ိဳးရွိခဲ့တာေၾကာင့္ ခုရလဒ္ဟာ အေတာ္ေလး အားရဖြယ္ရလဒ္ျဖစ္လာပါတယ္။

နည္း ပညာ ကို အေျခခံၿပီး ထုတ္လုပ္ထားတာျဖစ္တာေၾကာင့္ ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္ကို တိုက္ထုတ္နိုင္စြမ္းကို ႏွိုးဆြေပးနိုင္ေစဖို႔ ေဆး ကို အသုံး မ ျပဳ ခင္ မွာ အႏႈတ္ ၇၀ ဒီဂရီ ဆဲလ္စီးယပ္စ္မွာ ထိမ္းသိမ္းထားဖို႔ လိုအပ္ပါတယ္။ ဒီအခ်က္ဟာ လူအမ်ားအၾကားမွာ က်ယ္ က်ယ္ျပန႔္ျပန႔္ အသုံးျပဳနိုင္ဖို႔အတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္လာနိုင္ပါတယ္။ ဒီလို အေအးဒီဂရီမ်ိဳးထိမ္းသိမ္းနိုင္ဖို႔ လိုအပ္ေနတာေၾကာင့္ သာမန္ေဆး ေပးခန္းေတြမွာ ကာကြယ္ေဆးထိုးႏွံဖို႔ ခက္ခဲလာမွာေတာ့ အမွန္ပါပဲ။ ေဆးဝါးတီထြင္သူေတြဟာ ကေလးေတြအတြက္လည္း ထည့္သြင္း စဥ္းစားခဲ့ၾကပါတယ္။ ေဆးဝါးကို စတင္စမ္းသပ္ခ်ိန္တုန္းက ၁၈ ႏွစ္အထက္ အရြယ္ေရာက္ၿပီးသူေတြကိုသာ စမ္းသပ္ခဲ့တာျဖစ္ေပ မယ့္ ခုခ်ိန္မွာေတာ့ ၁၆ ႏွစ္အထိ အသက္အရြယ္ ေလၽွာ့ခ်သတ္မွတ္ေနပါတယ္။ ဒါေပမယ့္လည္း ၁၆ ႏွစ္ေအာက္ကေလးေတြမွာ အဆင္ေျပနိုင္ သလားဆိုတာကိုေတာ့ ေသခ်ာမသိနိုင္ေသးပါဘူး။ မၾကာခင္မွာေတာ့ ၁၂ ႏွစ္ေအာက္ကေလးေတြမွာ စမ္းသပ္သြားဖို႔ရွိတယ္လို႔ ဆိုထား ပါ တယ္ ။

ကုမၸဏီ ႀကီး က ေတာ့ သူတို႔ရဲ့ ေဆးဝါးအေပၚ အျပည့္အဝယုံၾကည္မႈရွိေနတာမို႔ ယခုလကုန္မွာ FDA အသိအမွတ္ျပဳမႈရရွိဖို႔အတြက္ ခြင့္ျပဳခ်က္ ေတာင္းခံ ထားၿပီး FDA Approved ရရွိရင္ တရားဝင္ေဆးဝါးအျဖစ္ ျဖန႔္ခ်ိသြားဖို႔ စီစဥ္ေနပါတယ္။ အဆိုပါေဆးဝါးကို ယခုႏွစ္ကုန္ မွာ ၁၅ သန္းကေန သန္း ၂၀ အထိ ထုတ္လုပ္သြားဖို႔ရွိေနေၾကာင္းလည္း ေဆးဝါးကုမၸဏီဘက္ကဆိုထားပါတယ္။ တစ္ဖက္မွာလည္း အေစာ ပိုင္း ကၾကဳံခဲ့ရတဲ့ အေတြ႕အၾကဳံေတြအရ ကနဦးရလဒ္ေတြအေပၚ လြန္လြန္ကဲကဲ ယုံၾကည္မႈမထားဖို႔ သတိေပးမႈေတြလည္း ရွိေနပါ တယ္။ ေရရွည္လုံျခဳံစိတ္ခ်ရမႈကို ဦးစားေပးဖို႔အတြက္ အခ်ိန္လုံလုံေလာက္ေလာက္ယူဖို႔ ေဆးသိပၸံပညာရွင္တစ္ခ်ိဳ႕က တိုက္တြန္းေနၾက တာ ပါ ။

အထူး သျဖင့္ FDA Approved ရရွိထားၿပီးျဖစ္ေပမယ့္ သိသာထင္ရွားတဲ့ ထိေရာက္မႈမ်ိဳးမျပသနိုင္ျဖစ္ေနတဲ့ COVID-19 ေရာဂါကုသေဆး Remdesivir နဲ႔ က ေန ဦးရလဒ္ေကာင္းမြန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေဘးထြက္ဆိုးက်ိဳးေတြေပၚထြက္လာတာေၾကာင့္ ရပ္တန႔္လိုက္ရတဲ့ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္ရဲ့ COVID-19 ကာကြယ္ေဆးေတြကို ဥပမာေပးၿပီး သတိေပးေနၾကတာျဖစ္ပါတယ္။ Pfizer ကေတာ့ သူတို႔ရဲ့ေဆးဝါး ကို ယုံၾကည္မႈအျပည့္အဝထားေနၿပီး အေစာဆုံးဇန္နဝါရီလမွာ မေမၽွာ္မွန္းနိုင္ေလာက္တဲ့ အရွိန္ႏႈန္းနဲ႔ ေဆးဝါးေတြျဖန႔္ခ်ိၿပီး ေဈးကြက္ ကို လက္ဝါးႀကီးအုပ္ဖို႔ ရည္မွန္းေနပါတယ္။ ေဆးဝါးသစ္အေနနဲ႔ ေမၽွာ္မွန္းထားသလို ရလဒ္ေကာင္းေတြနဲ႔ လူသားေတြရင္ဆိုင္ေနရ တဲ့ ေရာဂါဆိုးႀကီးကို ကာကြယ္ေပးနိုင္မလား၊ ေရွ႕က စမ္းသပ္ခ်က္ေတြလို အဖ်ားရႉးသြားမလားဆိုတာကိုေတာ့ လာမယ့္ အခ်ိန္တိုကာလေလး အတြင္း မွာ သိရေတာ့မွာျဖစ္ပါတယ္။

ေရးသားသူ  Ye  Zon  Aung

ေဆးပညာ ပိုင္းဆိုင္ရာ တည္းျဖတ္သူ  Dr .  Phyo  Wai  Lynn

unicode

COVID-19 ရဲ့ ကမ္ဘာနဲ့ အဝှမ်း ထိခိုက်ပျက်စီးစေမှုတွေကြောင့် လူတိုင်းက ရောဂါ ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေ;ကို တောင့်တနေကြတာ ပါ။ ဆေးဝါးကုမ္ပဏီတွေကလည်း အမျိုးမျိုးစမ်းသပ်တီထွင်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒီလိုစမ်းသပ်မှုတွေကြားထဲကနေ ရလဒ်ကောင်းတွေ နဲ့ ဆေးဝါးသစ်တစ်မျိုးတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ထိပ်တန်း ဆေးဝါးထုတ်လုပ်သူဖြစ်တဲ့ Pfizer ရဲ့ ဆေးဝါးသစ်ဟာ ရလဒ်ကောင်းေ တွ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဆေးဝါးသစ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းက ၉၀% ကျော် ထိရောက်မှုရှိတယ်လို့ သူတို့က တ ရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူပေါင်း ၁.၂ သန်းကျော်ရဲ့ အသက်ကိုနှုတ်ယူသွားတဲ့ ရောဂါဆိုးကြီးကို တိုက်ထုတ်ရာမှာ တစ်ဖက် တစ်လမ်းကနေ ကူညီနိုင်တော့မယ့် ဟန်ပါပဲ။ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေသူတွေအတွက်လည်း သတင်းကောင်းဖြစ်လာနိုင်ခြေမျ ားနေပြီလို့ ဆိုရမှာပါ။

Fortune 500 စာရင်း ဝင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer ဟာ ဂျာမန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech နဲ့ ပူးပေါင်း ပြီး COVID-19 ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို ထုတ်ပြန်လိုက်ရာ မှာတော့ အားရဖွယ်ရာ အချက်အလက်တွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိရလဒ်တွေဟာ ပထမအဆင့် သုံးသပ်ချက် ရလဒ်တွေသာဖြစ်ပြီးတော့ ဘက်မလိုက်ပြင်ပပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ထပ်မံလိုအပ်ဦးမှာဖြစ်ပါတယ်။

ဆေးဝါးသစ် က ဘယ်လောက်ထိရောက်မှုရှိသလဲ

ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်မှာတော့ ဆေးဝါးသစ်ဟာ ရောဂါကို တားဆီးနိုင်စွမ်းကောင်းမွန်ပြီး သုတေသနရလဒ်တွေအရဆိုရင် ၉၀% ကျော် အထိ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူတွေအားလုံးမှာ သိသာထင်ရှားတဲ့ ရောဂါကူးစက်ခံရ မှုလက္ခဏတွေ မပြသခဲ့ဘူးလို့ ဆိုထားတာပါ။ အထူးခြားဆုံးအချက်ကတော့ လူ ၃၉၈၆၂ ဦးကို စမ်းသပ်ခဲ့တဲ့ အချိန် ၂ လတာကာလအ တွင်း ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ပြသခြင်းမရှိခဲ့တာပါပဲ။ Pfizer မတိုင်ခင်တုန်းက နောက်ဆုံးစမ်းသပ်မှုအဆင့်အထိ ရောက်ရှိ ခဲ့တဲ့ ဆေးဝါးတစ်ချို့ဟာ ဘေးထွက်ဆိုးကျိုးရှိခဲ့တာကြောင့် ခုရလဒ်ဟာ အတော်လေး အားရဖွယ်ရလဒ်ဖြစ်လာပါတယ်။

နည်း ပညာ ကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို နှိုးဆွပေးနိုင်စေဖို့ ဆေး ကို အသုံး မ ပြု ခင် မှာ အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ လူအများအကြားမှာ ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒီလို အအေးဒီဂရီမျိုးထိမ်းသိမ်းနိုင်ဖို့ လိုအပ်နေတာကြောင့် သာမန်ဆေး ပေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ ခက်ခဲလာမှာတော့ အမှန်ပါပဲ။ ဆေးဝါးတီထွင်သူတွေဟာ ကလေးတွေအတွက်လည်း ထည့်သွင်း စဉ်းစားခဲ့ကြပါတယ်။ ဆေးဝါးကို စတင်စမ်းသပ်ချိန်တုန်းက ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတွေကိုသာ စမ်းသပ်ခဲ့တာဖြစ်ပေ မယ့် ခုချိန်မှာတော့ ၁၆ နှစ်အထိ အသက်အရွယ် လျှော့ချသတ်မှတ်နေပါတယ်။ ဒါပေမယ့်လည်း ၁၆ နှစ်အောက်ကလေးတွေမှာ အဆင်ပြေနိုင် သလားဆိုတာကိုတော့ သေချာမသိနိုင်သေးပါဘူး။ မကြာခင်မှာတော့ ၁၂ နှစ်အောက်ကလေးတွေမှာ စမ်းသပ်သွားဖို့ရှိတယ်လို့ ဆိုထား ပါ တယ် ။

ကုမ္ပဏီ ကြီး က တော့ သူတို့ရဲ့ ဆေးဝါးအပေါ် အပြည့်အဝယုံကြည်မှုရှိနေတာမို့ ယခုလကုန်မှာ FDA အသိအမှတ်ပြုမှုရရှိဖို့အတွက် ခွင့်ပြုချက် တောင်းခံ ထားပြီး FDA Approved ရရှိရင် တရားဝင်ဆေးဝါးအဖြစ် ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။ အဆိုပါဆေးဝါးကို ယခုနှစ်ကုန် မှာ ၁၅ သန်းကနေ သန်း ၂၀ အထိ ထုတ်လုပ်သွားဖို့ရှိနေကြောင်းလည်း ဆေးဝါးကုမ္ပဏီဘက်ကဆိုထားပါတယ်။ တစ်ဖက်မှာလည်း အစော ပိုင်း ကကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ ကနဦးရလဒ်တွေအပေါ် လွန်လွန်ကဲကဲ ယုံကြည်မှုမထားဖို့ သတိပေးမှုတွေလည်း ရှိနေပါ တယ်။ ရေရှည်လုံခြုံစိတ်ချရမှုကို ဦးစားပေးဖို့အတွက် အချိန်လုံလုံလောက်လောက်ယူဖို့ ဆေးသိပ္ပံပညာရှင်တစ်ချို့က တိုက်တွန်းနေကြ တာ ပါ ။

အထူး သဖြင့် FDA Approved ရရှိထားပြီးဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ထိရောက်မှုမျိုးမပြသနိုင်ဖြစ်နေတဲ့ COVID-19 ရောဂါကုသဆေး Remdesivir နဲ့ က နေ ဦးရလဒ်ကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေပေါ်ထွက်လာတာကြောင့် ရပ်တန့်လိုက်ရတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်ရဲ့ COVID-19 ကာကွယ်ဆေးတွေကို ဥပမာပေးပြီး သတိပေးနေကြတာဖြစ်ပါတယ်။ Pfizer ကတော့ သူတို့ရဲ့ဆေးဝါး ကို ယုံကြည်မှုအပြည့်အဝထားနေပြီး အစောဆုံးဇန်နဝါရီလမှာ မမျှော်မှန်းနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ ဆေးဝါးတွေဖြန့်ချိပြီး ဈေးကွက် ကို လက်ဝါးကြီးအုပ်ဖို့ ရည်မှန်းနေပါတယ်။ ဆေးဝါးသစ်အနေနဲ့ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေနဲ့ လူသားတွေရင်ဆိုင်နေရ တဲ့ ရောဂါဆိုးကြီးကို ကာကွယ်ပေးနိုင်မလား၊ ရှေ့က စမ်းသပ်ချက်တွေလို အဖျားရှူးသွားမလားဆိုတာကိုတော့ လာမယ့် အချိန်တိုကာလလေး အတွင်း မှာ သိရတော့မှာဖြစ်ပါတယ်။

ရေးသားသူ  Ye  Zon  Aung

ဆေးပညာ ပိုင်းဆိုင်ရာ တည်းဖြတ်သူ  Dr .  Phyo  Wai  Lynn

Add a Comment

Your email address will not be published. Required fields are marked *