ဒေါ်အောင်ဆန်းစုကြည် အောင် ပွဲ အတွက် ယခု အချိန် ထိ သဝဏ်လွှာ မပို့သေး တဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တစ်ခု




Aung Hein Soe

unicode

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်မြင်ခဲ့ခြင်း အပေါ် ဂျပန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ကနေဒါ ၊ ရုရှား ၊ ဘူတန် ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဂုဏ်ပြုကြောင်း သဝဏ်လွှာများ ရောက်ရှိခဲ့ပြီးဖြစ်သော်လည်း အိမ်နီးချင်း အင်အားကြီး တရုတ် နိုင်ငံက ရောက်မလာသေးပါ။ အစောဆုံးရောက်ရှိလာသည့် ဂျပန်နိုင်ငံ၏ သဝဏ်လွှာတွင် အဆွေတော်နှင့် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင် မည်ကို စောင့်မျှော်လျှက်ရှိပါကြောင်း ပါရှိပါတယ်။

အိန္ဒိယ နိုင်ငံ၏ သဝဏ်လွှာတွင် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် အဆွေတော်နှင့်အတူ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ် ပါကြောင်း ပါရှိပါတယ်။ ထိုင်းနိုင်ငံ၏ သဝဏ်လွှာတွင် ကိုဗစ် ကပ်ရောဂါဘေး လျော့ကျလာသည့်အချိန်တွင် တွေ့ဆုံခွင့်ရရန်နှင့် ကိုယ်တိုင်ဂုဏ်ပြု စကားပြောကြားရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လျက်ရှိပါကြောင်း ပါရှိပါတယ်။

စင်ကာပူ နိုင်ငံ၏ သဝဏ်လွှာတွင် အဆွေတော် အောင်မြင်မှုများ ဆက်လက် ရရှိစေရန်၊ ကျန်းမာရွှင်လန်းစေရန် ဆုမွန်ကောင်း တောင်းအပ် ပါကြောင်းနှင့် စင်ကာပူနိုင်ငံသို့ အဆင်ပြေသည့်အချိန်တွင် ထပ်မံလာရောက် လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့် ပါကြောင်း စသည်တို့ ပါရှိ ပါသည်။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Aung Hein Soe

Add a Comment

Your email address will not be published. Required fields are marked *