အပူချိန် – ၇၀ံ C ရှိတဲ့ အ အေး ပေါင်း ဖိုကြီးမှာ သိမ်းဆည်း ထားမှ ရမည်ဖြစ် တဲ့ ကိုဗစ် ကာကွယ်ဆေး ဖိုင်ဇာ အကြောင်း တစေ့ တစောင်း…

နိုဝင်ဘာ ၉ ရက်နေ့ တွင် ဖိုင်ဇာ (Pfizer) ဆေး ကုမ္ပဏီကြီး မှ ကိုဗစ် – ၁၉ ရဲ့ ရော ဂါ လက္ခဏာ ၉၀% ကို လျော့ကျ အောင် လုပ် နိုင် မယ့် ကာကွယ် ဆေး ထုတ် လုပ် နိုင် ပြီ ဖြစ် တယ် လို့ ကမ္ဘာ ကို ထုတ်ပြန်ကြေညာ လိုက်ပြီ ဖြစ်ပါ တယ် ။ ဆေး သိပ္ပံပညာ ရဲ့ အံ့မခန်း အစွမ်းလို့ ဆို ရမှာပါ ။ ပိုလီ ယို ကာကွယ်ဆေး ဆို လျှင် စတင် စမ်းသပ် ချိန် နဲ့ အမေရိကန် မှာ လိုင်စင် ရဖို့ ကြားထဲ မှာ နှစ်ပေါင်း နှစ်ဆယ် လောက် တောင် စောင့်ခဲ့ ရဖူးတယ် လို့ ဆိုပါ တယ် ။ အခုဆိုရင် တော့ တနှစ်လောက် အတွင်းမှာ ကာကွယ်ဆေး ထွက် လာပြီလို့ ပြောလို့ရပါ တယ် ။ ဒီဆေး ကို ဖိုင်ဇာ နဲ့ ဘိုင်အို အင်တက်ခ် ဆေး ကုမ္ပဏီ ကြီး နှစ်ခုပေါင်း ကာ ထုတ်လုပ် လိုက် တာ ဖြစ်ပြီး ဝက်သက်ရောဂါ ကာကွယ် ဆေး နည်းပါး အစွမ်း ထက်ပြီး အအေးမိ ရောဂါ ကာကွယ်ဆေး ထက် (၄၀) ကနေ ၆၀ ရာနှုန်း အထိ အစွမ်းပို ထက်တယ်လို့ ဆိုပါ တယ်။

ချက် ချင်း ဆိုသလိုပဲ ဒစ်စနေလန်း နဲ့ လေယာဉ် ကုမ္ပဏီတွေ ရဲ့ ရှယ်ယာတွေ ထိုးတက်သွားပါတယ်။ ချမ်းသာသော နိုင်ငံများ အသင်းရဲ့ OEDC နို င်ငံ တွေကတော့ ကာကွယ်ဆေး စောစီးစွာ ထွက်လာနိုင်လို့ ကမ္ဘာစီးပွားရေး အနေအထားက ၂၀၂၁ အတွက် ယခင် ၅ % ခန့်မှန်းရာကနေ ၇ % အထိ တိုးမြှင့်လာနိုင်တယ်လို့ ပြန်လည် ပြင်ဆင် ပြောဆိုလာကြပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ အတွက် စမ်းသပ်နေတဲ့ ကာကွ ယ်ဆေး အမျိုးပေါင်း ၃၂၀ ခန့် ရှိနေပြီး အချို့က နောက်ဆုံး အဆင့်ကို တက်လှမ်းနေကြပြီ ဖြစ်ပါတယ်။ သို့သော် ဖိုင်ဇာရဲ့ နည်းကတော့  Spike Protein နည်းကို သုံးခဲ့တာ ဖြစ်ပါတယ်။ဒီနည်းက ကိုရိုနာ ဗိုင်းရပ်စ် ပိုးထဲက ဂလိုင်ကိုပရိုတိန်း ထုတ်ပြီး လူ့ခန္ဓာကိုယ်ထဲရှိ အမြှေးပါး လေး ထဲကနေ တဆင့် ထည့်သွင်း ပေါင်းစပ်စေတဲ့ နည်းပဲ ဖြစ်ပါတယ်။

ဒီနည်း နဲ့  ထည့်သွင်းလိုက်တဲ့ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲမှာ လက်ရှိ တိုက်ပွဲဝင်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ့ တာဝန်ကို လွှဲပြောင်း ယူခိုင်းလိုက်တာ  ပဲ ဖြစ်ပါတယ်။ ဆေးဖေါ်ထုတ်နိုင်ဖို့အတွက် အမေရိကန် ၏ ထိတ်ထိတ်ကြဲ ဆေးကုမ္ပဏီတခု ဖြစ်တဲ့ ဖိုင်ဇာက တူရကီ နွယ်ဖွား ဂျာ မန် အမျိုးသား တည်ထောင်ထားတဲ့ ကုမ္ပဏီ ငယ်လေး ဖြစ်တဲ့ ဘိုင်အိုအင်တက်ခ် ရဲ့ အခန်းကဏ္ဍ ကို တလေးတစား နေရာပေးပြီး ပူးပေါင်း ဆောင်ရွက် လာတာပဲ ဖြစ်ပါတယ်။ဒီနေရာမှ ပြောစရာ ရှိနေတာက ကာကွယ်ဆေး ရဲ့ သဘောသဘာဝ နဲ့ ဘယ်လောက် မြန်မြန်ဆန်ဆန် ဖြန့်ဖြူး နိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ကာကွယ်ဆေးကို ဗော်လန်တီယာပေါင်း ၄၄,၀၀၀ ထံက ရောဂါလက္ခဏာ ၉၄ မျိုးကို စမ်းသပ်ခဲ့တာ ဖြစ် တာမို့ ကိုယ်ခံအား နည်းပါးနေပြီ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်မှု ပေးနိုင်မှု ရှိမရှိ၊ ရောဂါ အနေအထား ပြင်းထန် သူ၊

အလယ် အလတ် ရှိသူတွေကို ရပ်တန့်အောင် လုပ်နိုင်မှု ရှိမရှိ၊ ကာကွယ်ဆေး ထိုးပြီးသား လူတွေက မထိုး ရသေးသူတွေကို ကူးစက်နိုင်မှု ရှိ မရှိ၊ ဘယ်လောက် ကြာကြာထိ ရောက်မှု ရှိသလဲ အစရှိတာတွေ ကိုတော့ ထပ်မံ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။အနည်ဆုံး တနှစ်အထိ ခံမယ် လို့ တော့ ပြောနေကြပါတယ်။ သို့သော် ကုမ္ပဏီ က ကြေငြာထားတဲ့ အတိုင်း ၉၀% အထိ အစွမ်းထက်တယ်လို့ ဆိုတဲ့အတွက် အရွယ် အမျိုးမျိုး ကို ကာကွယ်ပေးနိုင်မယ်လို့ ယူဆရပါတယ်။ဖြန့်ဖြူးမှု အပိုင်းမှာ ပြဿနာ ရှိလာနိုင်ပြန်ပါတယ်။ လာမယ့် တနှစ်လုံး လူတိုင်း အ တွက် ဖူလုံစွာ ဖြန့်ဖြူးပေးနိုင်မှာ မဟုတ်တာကတော့ သေချာပါတယ်။ဒါ့အပြင် ဖိုင်ဇာရဲ့ ကာကွယ်ဆေးက နှစ်ကြိမ် ထိုးဖို့ လိုအပ်နေပါ တယ်။ ၂၀၂၀ မကုန်မီမှာတင် ဆေးအရည် သန်း ၅၀ ထုတ်နိုင်မှာ ဖြစ်ပြီး နောက်နှစ်မှာ ၁.၃ ဘီလီယံ အထိ ထုတ်နိုင်မယ်လို့ ပြောပါတယ် ။

အမေ ရိကန် ရှိ ဆေးဝန်ထမ်းတွေ၊ သက်ကြီးဂေဟာက ဝန်ထမ်းတွေ၊ စစ်သားတွေ အတွက် သန်း နှစ်ဆယ် လောက်ပဲ လိုတာမို့ ပမာဏအရ  အတော်ကို ပိုပိုသာသာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ကမ္ဘာလူဦးရေ ၇.၈ ဘီလီယံ ရှိတဲ့ အထဲ မှာ ကိုဗစ်-၁၉ ကြောင့် အသက်အန္တရာယ်  ရှိနေတဲ့ အသက် ၇၀ ကျော် သက်ကြီး အရေအတွက်ကပင် ငါးပုံတပုံ ခန့် ရှိနေပါတယ်တကမ္ဘာလုံးအတွက် တပြိုင်တည်း ရဖို့ ထုတ်လုပ်  နိုင်မှာ မဟုတ်သေးတဲ့ အတွက် နောက်ပိုင်းမှာ ဆေးထိုးအပ်တွေ၊ ဖန်ပုလင်းတွေနဲ့ ဆေးဝန်ထမ်းတွေ လိုအပ် လာမှာ ဖြစ်ပါတယ်ဖိုင်ဇာ ကာကွ ယ်ဆေးကို သိမ်းဆည်းနိုင်ဖို့က အပူချိန် – ၇၀ C ရှိတဲ့ အအေးပေါင်းဖို ကြီး ရှိမှ ဖြစ်မှာမို့ အထူး တည်ဆောက်ထားတဲ့ ကာကွယ်ဆေး စင်တာ တွေ လိုအပ်လာနေပါတယ်။ကုမ္ပဏီကတော့ ဒီအတွက် supply cold chain တွေ တည်ဆောက်နေပြီး သယ်ယူပို့ဆောင်ရေး  ပိုင်းမှာ အခက်အခဲတွေ ရှိလာနေလို့ တခါပို့ရင် လူပေါင်း ၉၇၅ ဦး အတွက် သာ ပို့နိုင်မယ်လို့ ဆိုပါတယ်။

ဆင်းရဲတဲ့  နိုင်ငံတွေအတွက် ဒီဆေးကို ထိန်းသိမ်း သိုလှောင်နိုင်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ရောက်လာလာချင်း အဆင်သင့် ထိုးနိုင်ေ အာင် လူတွေ စုရုံးထားရမှာ ဖြစ်ပြီး ဒီလူတွေ အားလုံး က နောက်ထပ် ၂၁ ရက်အတွင်း booster ခေါ်တဲ့ စွမ်းအား မြှင့် ဆေး ထပ်ထိုးဖို့ လိုေ နပါတယ်။မလုံမလောက်ဖြစ်နေဆဲမှာ ဦးစားပေး အဆင့်တွေ ကို မှန်ကန်စွာ ထားရှိနိုင်ရမှာ ဖြစ်ပါတယ်။ပုံစံပြု လေ့လာ တွေ့ရှိချက်များ အရ ၈၀% ထိရောက်မှု ရှိတဲ့ ဆေး နှစ် ဘီလီယံကို ချမ်းသာတဲ့ နိုင်ငံ ၅၀ မှာ ထိုးနိုင်ခဲ့မယ် ဆိုရင် ကမ္ဘာတဝှမ်း သေဆုံးမှု သုံးပုံတပုံကို ကာ ကွယ်နိုင်မှာ ဖြစ်ပြီး ဆင်းရဲ ချမ်းသာနိုင်ငံများ အကြား အညီအမျှ ဖြန့်ဝေ ပေးနိုင်မယ် ဆိုရင် တဝက်အထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ် ။

လောလော ဆယ် ဆင်းရဲတဲ့ နိုင်ငံတွေ အဖို့ ဦးစားပေး အဆင့်တွေ သတ်မှတ်နိုင်ရန် နိုင်ငံလုံးဆိုင်ရာ ကော်မတီတွေ ဖွဲ့ထားရမှာ ဖြစ်ပါတယ်။ နိုင်ငံအားလုံး ညီတူမျှတူ ရနိုင်ဖို့က တော့ ကမ္ဘာကျန်းမားရေး အဖွဲ့ချုပ်ရဲ့ အစီအစဉ် ဖြစ်တဲ့ COVAX ပဲ အားကိုးရမှာ ဖြစ်ပါတယ်။ကာကွယ်ဆေးကို သာမန်လုပ်ငန်းသုံး အအေးခန်း အဆင့်နဲ့ သိမ်းထားလို့ရအောင်၊ အသက် ကြီးတဲ့ လူတွေ အတွက် ပိုပြီး ထိရောက်မှု ရှိအောင်၊ တနှ စ်ထက် မက ခံနိုင်အောင်၊ ဆေးကို တခါတည်း နဲ့ ပြီးပြတ်အောင်၊ ကူးစက်မှုတွေ၊ ရောဂါလက္ခဏာတွေ မပေါ်အောင် ဆက်ပြီး လုပ်စရာတွေ ရှိနေပါသေးတယ်။လက်ရှိ ဒုတိယ လှိုင်း အတွင်း သေဆုံးမှုက ပထမလှိုင်း ဖြစ်ခဲ့တဲ့ ဧပြီလ ထက် သာလွန်သွားပြီ ဖြစ်ပါ တယ် ။

ယခု အခါ သိပ္ပံပညာပိုင်း အရ တာဝန်ကျေသွားပြီ ဖြစ်ပြီး ထွက်ပေါ်လာတဲ့ ကာကွယ်ဆေးကို အကျိုးရှိရှိ နိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်ဖို့က လူ့ ဘောင် အဖွဲ့အစည်းတွေ အပေါ် တာဝန်ကျရောက်လာပြီ ဖြစ်ပါတယ်။

( ၂၀၂၀ နိုဝင် ဘာ ၁၄ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ “The promise of the new covid-19 vaccine is immense” ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည် )
Hla  Soe  Wai  ( ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါ သည် )

Add a Comment

Your email address will not be published. Required fields are marked *