အရက်မူြး ပီး ငွေ တစ်သိန်း နဲ့ လိုက်ရောင်း နေတဲ့ ရှစ်လ အရွယ်သမီးငယ်လေး ကို ကယ် တင် ခဲ့တဲ့ ခိုင်နှင်းဝေ

Posted on




source : Cele  Gabar

unicode

မိဘမဲ့ က လေးပေါင်း များစွာ ကို ရင်အုပ် မကွာ စောင့်ရှောက် ပေးနေ တဲ့ ခိုင်နှင်းဝေကတော့ နေရာအခက်အခဲကြောင့် ကလေး(၃၀) ကျော် မွေးစားပြီးချိန် မှာ ပဲ ထပ်ပြီးလက်မခံတော့ဖို့ ဆုံးဖြတ်ထားပေမယ့် လတ်တလောကာလမှာတော့ ကိုဗစ်ကာလအခက်အခဲအမျိုးမျိုးနဲ့ မိဘ ကိုယ်တိုင်လာ ရောက်အပ်နှံတဲ့ကလေးတွေ ၊ မသိနားမလည်ခင် အရွယ်လေးမှာတောင် အဖြစ်ဆိုးကြုံနေရတဲ့ကလေးတွေကို သ နား စိတ် နဲ့ ထပ်မံ လက်ခံခဲ့တာကြောင့် ကလေးတွေ ထပ်တိုးလာခဲ့ပြီလို့ ဆိုရမှာပါ။

ဒီနေ့ မှ ာလည်း မဖြစ်မနေအခြေအနေတစ်ခုကြောင့် ခိုင်မိသားစုဝင် နောက်တစ်ဦးထပ်တိုးခဲ့ကြောင်းကို ပရိသတ်ကြီးကို ရေးသားမျှဝေခဲ့ပါ တယ် ။ အမေက နောက် ယောကျာင်္းယူသွားပြီး ဖခင်မှ အရက် မူးနေချိန် (၈)လ အရွယ် သမီးလေးအား ငွေ တစ်သိန်းဖြင့် လိုက်ရောင်းနေ ၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးများမှ ကလေးနှင့် ဖခင်အား ထိန်းသိမ်းပီး ကျမ ဆီသို့ ဆက်သွယ် အပ်နှံ သဖြင့် သွားရောက် ခေါ်ယူ ခဲ့ ပါ တယ် ရှင်…. သမီးလေး အရိပ် တစ်ခု ရဖို့ အတွက် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ခွင့်ရတဲ့ အတွက် ပီတိဖြစ်ရသလို စိတ်လည်း မ ကောင်းဖြစ်ရပါတယ်….ဒီလို နဲ့ပဲ ကျမတို့ “ခိုင် ” ဂေဟာ မှာ မိသားစု ဝင် တစ်ဦး တိုးပြန်ပါပီရှင်… ဆိုပြီး မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ် ပရိတ်သတ် ကြီး တို့ ရေ ။

သနား စရာအဖြစ် ဆိုးနဲ့ သမီးလေးကတော့ တနေ့တည်းမှာပဲ ရောင်းစားတဲ့ ဖခင်နဲ့ ကြုံခဲ့ရသလို အတိတ်ဘဝက ကောင်းမှုကုသိုလ်ကံလေး ကြောင့် ကလေးတွေကို မေတ္တာပေးစောင့်ရှောက်နေတဲ့ ခိုင်နှင်းဝေလို ပရဟိတမင်းသမီးတစ်လက်ဆုံခဲ့ရတာတော့ အဆိုးထဲက အကောင်း လို့ ဆိုရမှာပါနော်။ နောက်ရှေ့ဆက်မယ့် ဘဝခရီးလမ်းမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မကြုံရဘဲ အများနည်းတူ ဘဝကို အေးချမ်းပျော်ရွှင် စွာ ဖြတ်သန်း သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ.။အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာ ပျော် ရွှင် တဲ့ ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း လိုက် ပါ တယ် နော် ။

source : Cele  Gabar

Leave a Reply

Your email address will not be published. Required fields are marked *