ခေတ်ရဲ့ နည်းပညာ တိုးတက်မှုမှ ဖြစ်ပေါ် ခဲ့ရတဲ့ အမှား ကို သင်ခန်း စာ ယူပြီး နောက် ထပ် မဖြစ်စေ ဖို့ Project K  အ ဖွဲ့ရဲ့ ဂါရဝပြု တောင်းပန် စကား
Posted on
Source :  Projec t K ’ s  fb
crd:  Cele  Connections
unicode
မြန်မာ လူငယ် (၇) ယောက် နဲ့   ဖွဲ့စည်း ထားတဲ့  Project K အဖွဲ့ က ေ တာ့ ပြီး ခဲ့တဲ့ အောက်တိုဘာ လ (၁၀) ရက်နေ့ က တောင်ကိုရီးယား နိုင်ငံ မှာ ကျင်းပ တဲ့ Asia Songs Festival မှာ ပါဝင် ဖျော်ဖြေခဲ့ ကြ ပြီး စိတ်မ ကောင်း စွာ နဲ့ အလွဲ အမှား တွေ ဖြစ် ခဲ့ ရ ပါ တယ် ။ အဲ့ဒါ က တော့ ကိုရီးယား ဘက် က ပွဲစီစဉ် သူတို့က ရွှေတိဂုံဘုရား ကို စင်ကြမ်း ခင်း LED မှာ ပြသ ခဲ့ ပြီး Project K အဖွဲ့ ကလည်း ထိုအကြောင်း ကို မသိပဲ ရွှေတိဂုံဘု ရားကိုနင်းပြီး ဖျော်ဖြေခဲ့တဲ့ပုံစံမျိုးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီ း ထိခိုက်နစ် နာပြီး စိတ်နှလုံးမချမ်းမြေ့ခဲ့ရတဲ့ ပရိသတ်တွေကို Project K အဖွဲ့က ဒီကနေ့မှ ာတော့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တောင်းပန်လာခဲ့ပါတယ်။
“နိုင်ငံတာ ကာ၏ ခေတ်ပြိုင် အနုပညာ လှုပ်ရှားမှုများ ထဲမှ ရိုးရာနှင့်ခေတ်သ စ်ကို ပေါင်းစပ်သည့်  အနုပညာပုံစံသစ်ကို  စိတ်ဝင်စားသည့် ကျွန်တော် တို့ မြန်မာလူငယ် များသည်  Project K အဖွဲ့ကို အဖွဲ့ဝင်(၇)ဦးဖြင့် ၂၀၁၆  ခုနှစ်မှ စတင်၍ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂ဝခု နှစ် အောက်တိုဘာ လ တွင် ကိုရီးယား သမ္မတ နိုင် ငံ၌ ကျင် းပ မ ည့် အာရှ သီချင်းများ ဖျော်ဖြေ ရေးပွဲ တော် (Asia Songs Festival) တွင် ကျွန်တော် တို့ Project K အ ဖွဲ့ ဖျော်ဖြေခွင့် ကို တရားဝင် ဖိတ်ကြားခြင်း ခံခဲ့ရ ပါသည်။ ကျွန်တော် တို့ Project K အဖွဲ့ သည် အောက်တိုဘာလ (၁၀)ရက် ကိုရီးယား စံတော်ချိန် ည ၈:၀၀ နာရီ  ( မြန်မာစံတော်ချိန် ည နေ ၅:၃၀ နာ ရီ ) အချိန်၌ ကိုရီးယား နိုင်ငံတွင် ကျင်းပ သည့် Asia Songs Festival 2020 ပွဲတွင် ဖျော်ဖြေတင်ဆက်ခွင့်ရခဲ့ပါသည်။ဖျော်ဖြေတင်ဆက်သည့် အဖွဲ့များ၏ နိုင်ငံများပုံရိပ်များ ကို LED Display Board ဖြင့် ကိုရီးယားသမ္မတနိုင်ငံ ပွဲစီစဉ်သူများက စီစဉ်ပေးခဲ့ သည် ။ ”
“ထို သို့ ဖျော်ဖြေ တင် ဆက် ခဲ့ ရာ ၌ ကိုရီးယား သမ္မတ နိုင်ငံရှိ ပွဲစီစဉ်သူများက မြန်မာနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်သင်္ကေတ (National Landmark) ဖြစ် သည့် “ရွှေတိဂုံ” စေတီတော်မြ တ်ကြီး၏ပုံရိပ်များနှင့် အခြ ားပုံရိပ်များကို LED Display Board ၌ထည့်သွင်းရန် စီစဉ်ပေးခဲ့ပါ သည်။ဖျော်ဖြေပွဲကျင် းပမည့်နေ့ နေ့ခင်းပိုင်းတွင် Rehearsal  အစမ်းလေ့ကျင့်မှု ၂ကြိမ် ပြုလုပ်ရပါသ ည်။ပထမအကြိမ် လေ့ကျင့်စဉ် LED ပုံရိပ်မျာ းမပါဝင်ပါ။ဒုတိယအကြိမ်လေ့ကျင့်ဖျော်ဖြေစဉ်တွင် LED ပုံရိပ်များပါလာပ ါသည်။သို့ရာတွင် ကပြ နေစဉ်အတွင်း နေ့ခင် းအလင်းရောင်ဖြင့် မမြင် ရခြင်း၊ဇာတ်ခုံ ၏ ဧရိယာမှာ ကျယ်ြ ပန့် လွန်းခြင်း၊ပြသမှုပုံရိပ် အားလုံးကို ပြည့်စုံစွာခြုံငုံ၍ မြင်ရသည် မဟုတ်ခြင် းတို့ကြောင့် ပုံရိပ်များ ကို သဲသဲ ကွဲကွဲပြတ်ပြတ် သားသား မြင် ရခြင်း မရှိခဲ့ပါ။
အောက်တိုဘာလ (၁၀)ရ က် ညပွဲကပြ နေစဉ်အတွင်း မြင်တွေ့ခဲ့ရ သည်မှ ာလည်း တင်ဆက်မှုကို သာအာရုံစူးစိုက် ရင်းဖြင့် လျှပ်တပြတ် မြင်တွေ့ရခြင်းမျို းသာဖြစ်ပြီး ပွဲ ကပြပြီး Video ပြန်ကြည့် သည့်အခါ တွင်မှ ကြမ်းပြင်ပုံရိပ်၌ ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်နေသည်ကို တွေ့မြင် ခဲ့မိပါ သည် ။ထို့ကြောင့် ပွဲစီစဉ်သူ ထံအကြောင်းကြားခဲ့ ရာ ၎င်းတို က လွဲချော်ခဲ့သ ည့် video ကိုဖြုတ် ချ ကာ အသစ်ပြန်လည် ပြင်ဆင်ပေး ခဲ့ပါသည်။ ”
“ဖြစ်စဉ်တစ်ခုလုံ းသည် ပွဲစီစဉ်သူ များက မြန်မာနိုင်ငံ ကို ကမ္ဘာ့နိုင်ငံ အများ ပိုမိုသိရှိေ စရန် စေတနာဖြင့် ပံ့ပိုးရာ တွင် ကျွန်တော်တို့အကအဖွဲ့နှင့်ပွဲစီစဉ်သူ တို့အကြား အပြန်အလှ န်နားလည်မှုနှင့် နည်းပ ညာအသုံးချမှု အချိတ်အ ဆက်လွဲချော်ရာမှ ကြိုတင်ကြံစည်ြ ခင်းမရှိသည့် လွဲမှာ းမှုပေါ် ပေါက်ခဲ့ခြင်းအတွက် ကျွန်တော်တို့ Project K အဖွဲ့ အနေနဲ့ စိတ် နှလုံး မချမ်းမြေ့စွာခံစားနေကြရပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ အပေါ်တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွယ်သည့် သာသနိ က အဆောက်အအုံ  ဘုရားကျောင်းကန် စေတီပုထိုးများ အပေါ်တွင်လည်းကောင်း အစဉ်ထ ာဝရ ဂါဝရထားလျက်ရှိသည့် ပြည်ထောင်စုမြန်မ ာနိုင်ငံသားများဖြစ်ကြပါသည်။မိမိ တို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာသာသနာအပေါ်တွ င် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ် ပါကြောင်းကို ဗုဒ္ဓဘာသာ ဝင် မိသားစုများ မှ မွေးဖွားခဲ့ သည့် ကျွန်တော် တို့ Project K  အဖွဲ့အ နေဖြင့် ရိုးသား စွာ လေးမြတ်ရို ကျိုးစွာ ဂါဝရပြု တောင်းပန်အပ် ပါသည် ။ ”
“ကျွန်တော် တို့အနေဖြင့် ယခုပထမ ဆုံးအကြိမ် ကြုံတွေ့ခဲ့ ရ သော နည်းပညာ တိုးတတ်မှုမှ တစ်ဆင့် ဖြစ်ခဲ့ သည့် စိတ် နှလုံးမ ချမ်းမြေ့ဖွယ်ရာဖြစ်ရပ် များကို သင်ခန်းစာ ယူ၍ နောက်နောင် တွင် ယခုကဲ့ သို့ ထပ်မံ မဖြစ်စေဖို့ ကတိကဝတ်ပြုပါကြောင်း ဤတောင်းပန်လွှာနှင့်အတူ လေးစား စွာ ပန်ကြား အပ်ပါသည်။ ” ဆိုပြီး ဖေ့စ်ဘုတ် စာမျက်နှာကနေ လေးလေးနက်နက် တောင်းပန်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီး လည်း Project K ရဲ့ မထင်မှတ်ထားတဲ့ အမှားတစ်ခုကို သည်းခံခွင့် လွှတ်ပေးကြမယ်လို့ မျှော်လင့်ပ ါတယ်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအ ားလုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင် ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေး လိုက် ပါ တယ် ။
Source :  Projec t K ’ s  fb
crd:  Cele  Connections
Leave a Reply
Your email address will not be published. Required fields are marked *