လာမယ့္ အိမ္ျပင္ မထြက္ ရ (၂) ပတ္ ကာလ အတြင္း မွာ စည္းကမ္း ေဖာက္သူေတြ ကို ေသခ်ာ အေရး ယူမည္

ေရြးေကာက္ပြဲ ကာလ ေနာက္ပိုင္း မွာ လူစု လူေဝးေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ ကိုဗစ္ ကူးစက္ႏႈန္း ျမင့္တက္လာတဲ့အတြက္ အေရးယူတဲ့အပိုင္းကို ပို တင္းၾကပ္လာနိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန၊ ညႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီး က ေျပာပါတယ္။ “အခုတင္ျပထားတဲ့ Stay at Home ႏွစ္ပါတ္ဆိုတာဟာ အရင္လို မဟုတ္ေတာ့ဘဲ ေသေသခ်ာခ်ာ စစ္ၿပီးလုပ္မယ့္ သ ေဘာ လို႔ ယူဆရတယ္၊ Lock Down လို႔ေတာ့ ေျပာလို႔ မရပါဘူး။ Stay at Home လို႔ ေျပာထားေပမယ့္ ျပည္သူေတြက အျပင္ထြက္မယ္၊ အုပ္စု လိုက္ေတြ စုေနမယ္ဆိုရင္ ႀကီးႀကီးက်ယ္က်ယ္ အေရးယူမယ္ လို႔ သေဘာရ ပါတယ္။” လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္ ။

နိုဝင္ဘာ (၂၁) ရက္ကေန ဒီဇင္ဘာ(၅) ရက္ေန႔အထိ တိုင္းေဒသႀကီး နဲ႔ျပည္နယ္ေတြက ၿမိဳ႕နယ္တခ်ိဳ႕ကို Stay at Home အမိန္႔ထုတ္ျပန္ဖို႔နဲ႔ ႀကိဳတင္ ေဆာင္ရြက္မယ့္ အခ်က္ေတြကို နိုင္ငံေတာ္ရဲ့အတိုင္ပင္ခံ ပုဂၢိဳလ္အပါအဝင္ တာဝန္ရွိသူေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ အတိုင္ပင္ခံ႐ုံး က နိုဝင္ဘာလ (၁၇) ရက္ေန႔ ညပိုင္းက ထုတ္ျပန္ထားတာပါ။

ဒါ့ အျပင္ ေရြးေကာက္ပြဲကာလအၿပီး လူစုလူေဝး လုပ္တာေတြ ရွိခဲ့တာေၾကာင့္ နိုဝင္ဘာလကုန္မွာ ကိုဗစ္ကူးစက္မႈ အေျခအေနေတြ ျမင့္တက္ လာ နိုင္ က လူစုလူေဝးေတြထဲမွာပါခဲ့တဲ့သူ တခ်ိဳ႕မွာလည္း ေရာဂါလကၡဏာမျပဘဲ ကိုဗစ္ကူးစက္ခံထားရတဲ့သူေတြ ရွိလာနိုင္တယ္ လို႔ ဆို ပါ တယ္ ။

crd

unicode

ရွေးကောက်ပွဲ ကာလ နောက်ပိုင်း မှာ လူစု လူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကိုဗစ် ကူးစက်နှုန်း မြင့်တက်လာတဲ့အတွက် အရေးယူတဲ့အပိုင်းကို ပို တင်းကြပ်လာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။ “အခုတင်ပြထားတဲ့ Stay at Home နှစ်ပါတ်ဆိုတာဟာ အရင်လို မဟုတ်တော့ဘဲ သေသေချာချာ စစ်ပြီးလုပ်မယ့် သ ဘော လို့ ယူဆရတယ်၊ Lock Down လို့တော့ ပြောလို့ မရပါဘူး။ Stay at Home လို့ ပြောထားပေမယ့် ပြည်သူတွေက အပြင်ထွက်မယ်၊ အုပ်စု လိုက်တွေ စုနေမယ်ဆိုရင် ကြီးကြီးကျယ်ကျယ် အရေးယူမယ် လို့ သဘောရ ပါတယ်။” လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ် ။

နိုဝင်ဘာ (၂၁) ရက်ကနေ ဒီဇင်ဘာ(၅) ရက်နေ့အထိ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေက မြို့နယ်တချို့ကို Stay at Home အမိန့်ထုတ်ပြန်ဖို့နဲ့ ကြိုတင် ဆောင်ရွက်မယ့် အချက်တွေကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံး က နိုဝင်ဘာလ (၁၇) ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားတာပါ။

ဒါ့ အပြင် ရွေးကောက်ပွဲကာလအပြီး လူစုလူဝေး လုပ်တာတွေ ရှိခဲ့တာကြောင့် နိုဝင်ဘာလကုန်မှာ ကိုဗစ်ကူးစက်မှု အခြေအနေတွေ မြင့်တက် လာ နိုင် က လူစုလူဝေးတွေထဲမှာပါခဲ့တဲ့သူ တချို့မှာလည်း ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ကူးစက်ခံထားရတဲ့သူတွေ ရှိလာနိုင်တယ် လို့ ဆို ပါ တယ် ။

crd

Add a Comment

Your email address will not be published. Required fields are marked *