အေမရိကန္ ဘဏ္ေတြ ကေန တဆင့္ ေျမာက္ကိုရီးယား ေတြ ေငြေၾကး ခဝါခ် ထိပ္တန္း ဘ႑ာေရး အဖြဲ႕အစည္းေတြကေန ေပါက္ၾကားလာတဲ့ စာ႐ြက္ စာတမ္းေတြ အရ ေျမာက္ကိုရီယားႏိုင္ငံအေနနဲ႔ ပိတ္ဆို႔မႈေတြကို ေရွာင္ရွားဖို႔အတြက္ အေမရိကန္ႏိုင္ငံက ဘဏ္ေတြကေန တဆင့္ ေငြေၾကးခဝါခ်ဖို႔ စီစဥ္ေနတယ္လို႔ NBC News မီဒီယာက ေရးသားေဖာ္ျပလာပါတယ္။အဲဒီ စာ႐ြက္စာတမ္းေတြက သံသယျဖစ္ ဖြယ္ လႈပ္ရွားမႈ အစီရင္ခံစာေတြ (SARs )ကေန ေပါက္ၾကားလာတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ BuzzFeed News မီဒီယာ က ဆိုပါတယ္။
အစီရင္ ခံစာေတြမွာ ေဖာ္ျပခ်က္ မ်ားအရ ေျမာက္ကိုရီးယား အာဏာပိုင္ေတြအေနနဲ႔ အေမရိကန္ဘဏ္ေတြကေနတဆင့္ အနည္းဆုံး ေဒၚလာ ၁၇၄ သန္း ခဝါခ်ဖို႔ ႀကိဳးပမ္းခဲ့ၾကတယ္လို႔ ဆိုပါတယ္။ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ေျခရာခံႏိုင္တဲ့ ကုလသမဂၢ ကြၽမ္းက်င္ အဖြဲ႕ရဲ႕ အႀကီးအကဲေဟာင္း ဟ႐ုဂရစ္ဖစ္က ေပါက္ၾကားလာတဲ့ စာ႐ြက္စာတမ္းေတြက ေျမာက္ကိုရီးယားေတြ အေရးယူပိတ္ဆို႔မႈ ကေန ေအာင္ျမင္စြာ ေရွာင္လြဲႏိုင္ခဲ့တဲ့ သက္ေသေတြပဲလို႔ NBC News မီဒီယာကို ေျပာျပခဲ့ပါတယ္။
ဒါေပမယ့္ ဘ႑ာေရး ဌာနက အႀကီးအကဲ ေတြကေတာ့ သံသယျဖစ္ဖြယ္ လႈပ္ရွားမႈ အစီရင္ခံစာေတြ (SARs )မွာ ေဖာ္ျပထားတဲ့ သတင္းအခ်က္ အလက္ ေတြနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာေတြက ေမးျမန္းရာမွာ တရားေရးဌာနကို လႊဲေျပာင္းလိုက္ၿပီဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ ခဲ့ပါတယ္။JP Morgon ရင္းႏွီးျမဳပ္ႏွံမႈ ဘဏ္လုပ္ငန္းကေန ဘ႑ာေရးဌာနကို တင္ျပတဲ့ အစီရင္ခံစာ တစ္ခုအရ ၂၀၁၁ ခုႏွစ္ က ေန ၂၀၁၃ခုႏွစ္အတြင္း ေျမာက္ကိုရီးယားနဲဆက္စပ္တယ္လို႔ ယူဆရတဲ့ ကုမၸဏီေတြရဲ႕ ေငြေၾကးလႊဲေျပာင္းမႈ ေဒၚလာ သန္း ၉၀နီ းပါး ကို ခြင့္ျပဳခဲ့တာ ေတြ႕ရတယ္လို႔ NBC Newsမီဒီယာက ထုတ္ေဖာ္ ေရးသားခဲ့ပါတယ္။
ဒါေပ မ ယ့္ JP Morgonကေတာ့ မိမိတို႔အေနနဲ႔ ကုမၸဏီရဲ႕ ဝန္ေဆာင္မႈေတြကို အသုံးျပဳၿပီး ေငြေၾကးခဝါ ခ်မႈေတြ ရပ္တန႔္ေစမယ့္ ႀကိဳးပမ္းမႈေ တြ တိုးခ်ဲ႕လုပ္ေဆာင္ခဲ့တာလို႔ NBC News မီဒီယာကို တုန႔္ျပန္ေျပာဆိုခဲ့ပါတယ္။ဒါ့အျပင္ တရားဥပေဒစိုးမိုးေရးနဲ႔ အမ်ိဳးသား လုံၿခဳံေ ရး ႀကိဳးပမ္းမႈေတြကို အေထာက္အကူျပဳဖို႔အတြက္ ေထာင္နဲ႔ခ်ီတဲ့ ဝန္ထမ္းေတြ၊ သန္းရာနဲ႔ခ်ီတဲ့ ေဒၚလာေတြ ရင္းႏွီးျမဳပ္ႏွံထားတယ္လို႔ လည္း JP Morgonက ဆိုပါတယ္ ။
unicode
အမေရိကန် ဘဏ်တွေ ကနေ တဆင့် မြောက်ကိုရီးယား တွေ ငွေကြေး ခဝါချ ထိပ်တန်း ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ပေါက်ကြားလာတဲ့ စာရွက် စာတမ်းတွေ အရ မြောက်ကိုရီယားနိုင်ငံအနေနဲ့ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့အတွက် အမေရိကန်နိုင်ငံက ဘဏ်တွေကနေ တဆင့် ငွေကြေးခဝါချဖို့ စီစဉ်နေတယ်လို့ NBC News မီဒီယာက ရေးသားဖော်ပြလာပါတယ်။အဲဒီ စာရွက်စာတမ်းတွေက သံသယဖြစ် ဖွယ် လှုပ်ရှားမှု အစီရင်ခံစာတွေ (SARs )ကနေ ပေါက်ကြားလာတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ချေရှိတယ်လို့ BuzzFeed News မီဒီယာ က ဆိုပါတယ်။
အစီရင် ခံစာတွေမှာ ဖော်ပြချက် များအရ မြောက်ကိုရီးယား အာဏာပိုင်တွေအနေနဲ့ အမေရိကန်ဘဏ်တွေကနေတဆင့် အနည်းဆုံး ဒေါ်လာ ၁၇၄ သန်း ခဝါချဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ခြေရာခံနိုင်တဲ့ ကုလသမဂ္ဂ ကျွမ်းကျင် အဖွဲ့ရဲ့ အကြီးအကဲဟောင်း ဟရုဂရစ်ဖစ်က ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေက မြောက်ကိုရီးယားတွေ အရေးယူပိတ်ဆို့မှု ကနေ အောင်မြင်စွာ ရှောင်လွဲနိုင်ခဲ့တဲ့ သက်သေတွေပဲလို့ NBC News မီဒီယာကို ပြောပြခဲ့ပါတယ်။
ဒါပေမယ့် ဘဏ္ဍာရေး ဌာနက အကြီးအကဲ တွေကတော့ သံသယဖြစ်ဖွယ် လှုပ်ရှားမှု အစီရင်ခံစာတွေ (SARs )မှာ ဖော်ပြထားတဲ့ သတင်းအချက် အလက် တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းရာမှာ တရားရေးဌာနကို လွှဲပြောင်းလိုက်ပြီဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ချက်ပေးဖို့ ငြင်းဆန် ခဲ့ပါတယ်။JP Morgon ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းကနေ ဘဏ္ဍာရေးဌာနကို တင်ပြတဲ့ အစီရင်ခံစာ တစ်ခုအရ ၂၀၁၁ ခုနှစ် က နေ ၂၀၁၃ခုနှစ်အတွင်း မြောက်ကိုရီးယားနဲဆက်စပ်တယ်လို့ ယူဆရတဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးလွှဲပြောင်းမှု ဒေါ်လာ သန်း ၉ဝနီ းပါး ကို ခွင့်ပြုခဲ့တာ တွေ့ရတယ်လို့ NBC Newsမီဒီယာက ထုတ်ဖော် ရေးသားခဲ့ပါတယ်။
ဒါပေ မ ယ့် JP Morgonကတော့ မိမိတို့အနေနဲ့ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုပြီး ငွေကြေးခဝါ ချမှုတွေ ရပ်တန့်စေမယ့် ကြိုးပမ်းမှုေ တွ တိုးချဲ့လုပ်ဆောင်ခဲ့တာလို့ NBC News မီဒီယာကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသား လုံခြုံေ ရး ကြိုးပမ်းမှုတွေကို အထောက်အကူပြုဖို့အတွက် ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ၊ သန်းရာနဲ့ချီတဲ့ ဒေါ်လာတွေ ရင်းနှီးမြုပ်နှံထားတယ်လို့ လည်း JP Morgonက ဆိုပါတယ် ။