ဈေးရောင်း လို့ရ တဲ့ အနုပညာကြေး တွေ ကို ပြန် လည် လှူဒါန်း ခဲ့တဲ့ အေးမြတ်သူ






unicode

သရုပ် ဆောင် အေးမြတ်သူ က တော့ အလှူအတန်းနဲ့ ပတ်သက်လာရင် ကိုယ်လုပ်နိုင် တဲ့ အရာတစ်ခုကို လုပ်နိုင်သလောက် အကောင်းဆုံးဖြစ် အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ပရဟိတ နဲ့ ပတ်သက်လာရင် လုပ်အား နဲ့ဖြစ်စေ၊ ငွေကြေး လှူဒါန်းတာမျိုးဖြစ်စေ လက်မနှေးတတ်သူ သရုပ်ဆောင် အေးမြတ်သူ ဟာ အခု လည်း ကိုဗစ်ကာလမှာ သူ့ရဲ့ ကိုယ်ပိုင် ကြိုးစား အားထုတ်မှု တွေနဲ့ အွန်လိုင်းမှာ Live လွှင့် ဈေးရောင်း လို့ ရလာတဲ့ အနုပညာကြေး တွေထဲက  အလှူအတန်း တွေ ဆက်လက်လုပ်နေဆဲပါပဲ။

‘အလှူငွေ အား ဒါနနဲ့ ဖြစ်စေ၊ လုပ်အား ဒါနနဲ့ဖြစ်စေ ကိုယ်လုပ်နိုင် တဲ့ အရာလေး ကို လုပ်သွားမယ်။ အားလုံးက အခက်အခဲဖြစ် နေကြတဲ့ အချိန် မှ ာ ကိုယ်လည်း အခက်အခဲ ကတော့ ရှိတယ်။ Live လွှင့်ပြီး တော့ ဈေးရောင်းတယ်။ အဲဒီက နေမှ တဆင့် ပရိသတ် တွေရဲ့ အားပေးမှုေ တွ ကြောင့် ရလာ တဲ့ အနုပညာကြေးတွေ နဲ့ အခုချိန်မှာ အလှူအတန်း တွေ ပြန်လုပ်ခွင့် ရတဲ့ အတွက် လည်း ပရိသတ်တွေ ကို ကျေးဇူး တင် ပါတယ်” လို့ ဆိုပါတယ်။

သရုပ်ေ ဆာင် မင်းသမီး အေးမြတ်သူ ကတော့ live လွှင့်ရောင်းပေးလို့ ရရှိလာ တဲ့ ငွေကြေးတွေကို (၄၃) ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော် ပွဲ မှာ သက်ကြီး ဘိုးဘွားတွေ အတွက် ကျန်းမာရေး ထောက်ပံ့ငွေ လှူဒါန်းပေးခဲ့ ပါသေးတယ်။ ထို့ အပြင် ကိုဗစ် ကာလအတွင်း လိုအပ်မှုရှိ နေ တဲ့ အောက်ဆီဂျင် အသက်ရှုစက် (၈) လုံးကို လည်း ဆေးရုံ(၄) ရုံမှာ လှူဒါန်းခဲ့ ပါသေးတယ်။

“ ကိုယ် လုပ်နိုင် တယ် ဆိုပေမယ့်လည်း ပိုပြီးတော့ လုပ်နိုင်အောင် ကြိုးစားရ တာပေါ့နော်။ ဒါပေမယ့်လည်း ငါ ရအောင်ကျော် ဖြတ်မယ်ဆိုတဲ့ စိတ် နဲ့ ကြိုးစားတယ်။ တန်ဖိုးကြီး ပစ္စည်းတွေကို Live လွှင့်ပြီး ရောင်းရလေ ကိုယ့်အ တွက် စိတ်ဖိစီးမှုက များလေ ပါပဲ။ ဒါပေမယ့် ကိုယ့် ကို ပရိသတ်တွေက ကူရောင်းပေးကြတယ်၊ share ပေးကြ တယ်ဆိုတဲ့ ခွန်အားနဲ့ အားတင်းပြီး ရောင်းခဲ့ တာတွေ အများကြီးပါပဲ။ အေးမြတ်သူ က တော့ အပြင်မှာ ဈေးရောင်း ရတာကို ပိုသဘောကျတယ်” လို့ ဆိုပါ တယ် ။

Add a Comment

Your email address will not be published. Required fields are marked *