ရောဂါကူးစက် ခံလိုက်ရတဲ့ ကိုဗစ်ရှေ့တန်း တပ်မှူးတဦး ရဲ့ ရင်ဖွင့်သံ

ကိုဗစ် တိုက်ပွဲတွင် ကျွန်တော် စစ်မျက်နှာ သုံးခုတွင် ရင်ဆိုင် ဘူးသည်။ ရှမ်းပြည်သီပေါ ကရင်ပြည်နယ်မြဝတီ နှင့် ရန်ကုန်ဆေးရုံကြီးတို့ဖြစ်သည်။ တစ်နှစ်နီးပါး မရှိတရှိ ကာလတွင် အနားမယူပဲ တောင့်ခံခဲ့သည်။ တစ်နေရာက နောက်တစ်နေရာသို့ပြောင်းလျှင်ပင် ချက်ချင်းအော်ဒါထွက် ချက်ချင်းရောက်အောင် သွားခဲ့သည်။ အကာအကွယ် များ သတိကြီးကြီး ထားကာ ဝတ်ဆင်နေထိုင်ခဲ့သည်။ ရန်ကုန်တွင် နေ့နေ့ ညည အလုပ်ဆက်တိုက်လုပ်တုန်းက ကိုဗစ်ကူးသွားနိုင်ခြေရှိသည် များသည်ဟု စိုးရိမ်ခဲ့သည်။ သို့သော်ကူးစက်ခြင်းမခံခဲ့ရ။ level 2 PPE အမြဲ ဝတ်ဆင်ထားတတ်သောကြောင့် ပိုးမွှားများ ကပ်ငြိမရ ဖြစ်နေပုံရသည်။

ရန်ကုန်ကနေ မြဝတီပြန်ရောက်လာသည်။ စိတ်လျော့ လိုက်သည်။ လူနာနှင့်ထိတွေ့မှု မရှိသလောက် ဖြစ်သောကြောင့် level 2 PPEမဝတ်ဖြစ်တော့။ ဆက်တိုက်ပင်ပန်းနေသောကြောင့် ကိုယ်ခံစွမ်းအားလည်း ကျသည်ထင်သည်။ ငဗစ်သည် ကျွန်တော့်ကို အလစ်တိုက်ခဲ့လေပြီ။ ရန်ကုန်တွင် အတူတွဲခဲ့သော သား မောင်သက်တို့ တွင် ပိုးမတွေ့ပဲ မြဝတီ တွင် ကျွန်တော် ရန်ကုန်ရောက်နေစဉ်တွင် ဒိုင်ခံဖြေရှင်းပေးနေသော သားမောင်မျိုး နှင့် ကျွန်တော် တို့ (၂)ဦး ပိုးတွေ့လူနာများ ဖြစ်ကာ စတင်ဆေးကုသမှုခံယူရတော့မည်။ ကျွန်တော်ကကြွက်သားတွေ ညောင်း လာသည် ဒါကြောင့် တို့ဖတ်ယူလိုက်သည်။ မောင်မျိုးကလည်း ရင်ဘတ်တွေနာ နေသည်ဆိုသည်။ ကျွန်တော်တို့ ညီအကို ပိုးတွေ့လေပြီ။ ကျန်တစ်ရုံးလုံး တစ်ဆေးရုံလုံး လွတ်ကြသည်။ ထိတွေ့ခဲ့သူများ နောက်သုံးရက်ကြာလျှင်ထပ်စစ်မည်။ အားလုံးဘေးကင်းကြပါစေး။ အလုပ်များ လုပ်လက်စတွင် ဘေးထွက်နေရ၍ အားနာလှသည်။ တစ်နေ့ဖြစ်နိုင်သည်ဟု တွေးကာ ကြိုတင်ပြင်ဆင် ထားသော်လည်း နဖူးတွေ့ဒူးတွေ့ဆိုသောအခါ အိပ်မပျော်တော့ ဘုရားစာတွေလည်း မရွတ်ဖြစ်တော့ ခေါင်းထဲတွင်လည်း အတွေးတွေ မရှိတော့ အားလုံးဟာလာဟင်းလင်းပြင်ဖြစ်ကုန်သည်။

ဆီးချို သွေးတိုး ရင်ကြပ် တို့ကြောင့် အားလုံးက စိတ်ပူကြသည်။ လက်ရှိတော့ ကျွန်တော်က ပူနေသည်လား ထူနေသည်လား မသိတော့။ အနားမယူချင်သောသူ အနားယူရတော့မည်။ တတ်နိုင်သမျှ စိတ်ကို စုစည်းရင်း ကိုယ်ထဲထိ ကျူးကျော်လာနိုင်ခဲ့သော ငဗစ်ကို တွန်းလှန် ရပေဦးမည်။ မမြည်းစမ်းရသေးသော ပဌာန်း ကျမ်း မြန်မာပြန် စာအုပ်များကို လေ့လာဖြစ်မည်လား မသိပေ။ လေ့လာဖတ်ရှုမှုအသိသာရှိ၍ အလေ့အကျင့်မရှိသော သမာဓိမတည်သော သတိသည် အလွန်ပင်ပျံ့လွင့်တတ်ပေသည်။ ကြိုးစားရပေဦးမည်။ အဝေးကပူနေရသော ယဉ်လေး ခန့်ညားလေးနှင့် ချစ်သော မိသားစု မိတ်ဆွေများကို အားနာရပါသည်

ဒေါက်တာနန္ဒဝင်း

zawgyi

ကိုဗစ္ တိုက္ပြဲတြင္ ကြၽန္ေတာ္ စစ္မ်က္ႏွာ သုံးခုတြင္ ရင္ဆိုင္ ဘူးသည္။ ရွမ္းျပည္သီေပါ ကရင္ျပည္နယ္ျမဝတီ ႏွင့္ ရန္ကုန္ေဆး႐ုံႀကီးတို႔ျဖစ္သည္။ တစ္ႏွစ္နီးပါး မရွိတရွိ ကာလတြင္ အနားမယူပဲ ေတာင့္ခံခဲ့သည္။ တစ္ေနရာက ေနာက္တစ္ေနရာသို႔ေျပာင္းလွ်င္ပင္ ခ်က္ခ်င္းေအာ္ဒါထြက္ ခ်က္ခ်င္းေရာက္ေအာင္ သြားခဲ့သည္။ အကာအကြယ္ မ်ား သတိႀကီးႀကီး ထားကာ ဝတ္ဆင္ေနထိုင္ခဲ့သည္။ ရန္ကုန္တြင္ ေန႔ေန႔ ညည အလုပ္ဆက္တိုက္လုပ္တုန္းက ကိုဗစ္ကူးသြားႏိုင္ေျခရွိသည္ မ်ားသည္ဟု စိုးရိမ္ခဲ့သည္။ သို႔ေသာ္ကူးစက္ျခင္းမခံခဲ့ရ။ level 2 PPE အၿမဲ ဝတ္ဆင္ထားတတ္ေသာေၾကာင့္ ပိုးမႊားမ်ား ကပ္ၿငိမရ ျဖစ္ေနပုံရသည္။

ရန္ကုန္ကေန ျမဝတီျပန္ေရာက္လာသည္။ စိတ္ေလ်ာ့ လိုက္သည္။ လူနာႏွင့္ထိေတြ႕မႈ မရွိသေလာက္ ျဖစ္ေသာေၾကာင့္ level 2 PPEမဝတ္ျဖစ္ေတာ့။ ဆက္တိုက္ပင္ပန္းေနေသာေၾကာင့္ ကိုယ္ခံစြမ္းအားလည္း က်သည္ထင္သည္။ ငဗစ္သည္ ကြၽန္ေတာ့္ကို အလစ္တိုက္ခဲ့ေလၿပီ။ ရန္ကုန္တြင္ အတူတြဲခဲ့ေသာ သား ေမာင္သက္တို႔ တြင္ ပိုးမေတြ႕ပဲ ျမဝတီ တြင္ ကြၽန္ေတာ္ ရန္ကုန္ေရာက္ေနစဥ္တြင္ ဒိုင္ခံေျဖရွင္းေပးေနေသာ သားေမာင္မ်ိဳး ႏွင့္ ကြၽန္ေတာ္ တို႔ (၂)ဦး ပိုးေတြ႕လူနာမ်ား ျဖစ္ကာ စတင္ေဆးကုသမႈခံယူရေတာ့မည္။ ကြၽန္ေတာ္ကႂကြက္သားေတြ ေညာင္း လာသည္ ဒါေၾကာင့္ တို႔ဖတ္ယူလိုက္သည္။ ေမာင္မ်ိဳးကလည္း ရင္ဘတ္ေတြနာ ေနသည္ဆိုသည္။ ကြၽန္ေတာ္တို႔ ညီအကို ပိုးေတြ႕ေလၿပီ။ က်န္တစ္႐ုံးလုံး တစ္ေဆး႐ုံလုံး လြတ္ၾကသည္။ ထိေတြ႕ခဲ့သူမ်ား ေနာက္သုံးရက္ၾကာလွ်င္ထပ္စစ္မည္။ အားလုံးေဘးကင္းၾကပါေစး။ အလုပ္မ်ား လုပ္လက္စတြင္ ေဘးထြက္ေနရ၍ အားနာလွသည္။ တစ္ေန႔ျဖစ္ႏိုင္သည္ဟု ေတြးကာ ႀကိဳတင္ျပင္ဆင္ ထားေသာ္လည္း နဖူးေတြ႕ဒူးေတြ႕ဆိုေသာအခါ အိပ္မေပ်ာ္ေတာ့ ဘုရားစာေတြလည္း မ႐ြတ္ျဖစ္ေတာ့ ေခါင္းထဲတြင္လည္း အေတြးေတြ မရွိေတာ့ အားလုံးဟာလာဟင္းလင္းျပင္ျဖစ္ကုန္သည္။

ဆီးခ်ိဳ ေသြးတိုး ရင္ၾကပ္ တို႔ေၾကာင့္ အားလုံးက စိတ္ပူၾကသည္။ လက္ရွိေတာ့ ကြၽန္ေတာ္က ပူေနသည္လား ထူေနသည္လား မသိေတာ့။ အနားမယူခ်င္ေသာသူ အနားယူရေတာ့မည္။ တတ္ႏိုင္သမွ် စိတ္ကို စုစည္းရင္း ကိုယ္ထဲထိ က်ဴးေက်ာ္လာႏိုင္ခဲ့ေသာ ငဗစ္ကို တြန္းလွန္ ရေပဦးမည္။ မျမည္းစမ္းရေသးေသာ ပဌာန္း က်မ္း ျမန္မာျပန္ စာအုပ္မ်ားကို ေလ့လာျဖစ္မည္လား မသိေပ။ ေလ့လာဖတ္ရႈမႈအသိသာရွိ၍ အေလ့အက်င့္မရွိေသာ သမာဓိမတည္ေသာ သတိသည္ အလြန္ပင္ပ်ံ႕လြင့္တတ္ေပသည္။ ႀကိဳးစားရေပဦးမည္။ အေဝးကပူေနရေသာ ယဥ္ေလး ခန္႔ညားေလးႏွင့္ ခ်စ္ေသာ မိသားစု မိတ္ေဆြမ်ားကို အားနာရပါသည္

ေဒါက္တာနႏၵဝင္း

Add a Comment

Your email address will not be published. Required fields are marked *