စည္းမ်ည္းေတြ ထုတ္ ၿပီး ၾကပ္မတ္ ဖို႔နဲ႔ နယ္ေတြ ပါ ကူးစက္ မႈ ျမင့္လာ တဲ့ ကိုဗစ္ ရဲ႕ ေခါင္းေထာင္ လာတဲ့ အျဖစ္

ယခုရက္ ပိုင္း “မႏၲေလး” ႏွင့္ “ပဲခူး” မွာ ကူးစက္မႈ အလွ်င္ အျမန္ တိုးလာေနပါတယ္။ ရန္ကုန္ကို နမူနာၾကည့္လွ်င္ ၂ လ ၃ လအတြင္း ၆% က ေန ၉% အၾကား တက္လိုက္က်လိုက္ ျဖစ္ေနပါတယ္။ အျပည့္အဝ ေလာ့ေဒါင္း လုပ္ရန္လည္း ျမန္မာႏိူင္ငံအတြက္ စိန္ေခၚမႈ မ်ားစြာရွိ ပါ တယ္။ Home Stay အႀကိမ္မ်ားစြာ ေၾကာ္ျငာ ခဲ့ေသာ္လည္း ကူးစက္မႈ ရပ္တန္႔မႈ မရွိပါ။ Home Stay စည္းကမ္းကို ေစာင့္ၾကပ္ၾကည့္ ရႈ  အေကာင္အထည္ေဖာ္မည့္ “သီးျခားအဖြဲ႕အစည္း” မရွိပါ။ ကိုဗစ္ေကာ္မတီလိုလို က်န္းဦးစီးလိုလို ေထြအုပ္လိုလို စည္ပင္လိုလို.. ေခါ င္း ေဆာင္ေပ်ာက္ေနပါ၏။

၁၄ ရက္  မျပတ္သား ႏိုင္၍ တို႔တိတို႔တိ နဲ႔ ရက္ေပါင္း ၁၄၀ ျဖစ္ပါေတာ့မယ္။ ၁၄ ရက္ အလုပ္မလုပ္လွ်င္ ဘာစားမလဲထင္မိ၍ ကိုဗစ္ ေၾကာက္ ၿပီး က်ီးလန္႔စာစားႏွင့္ ရက္ေပါင္း ၁၄၀ နီးကပ္လာပါၿပီ။ ကြၽႏ္ုပ္တို႔ ဘယ္လိုလုပ္က်မလဲ။ ပူးတြဲပုံေလးက ယခုေလာက္ကူးစက္မႈ မျမန္ေသး သည့္ ပထမလႈိင္းက ကူးစက္ပုံေလးပါ။ ယခုကူးစက္မႈႏႈန္း ကေတာ့ ဤပုံ၏ ၂ ဆေလာက္ျဖစ္ေနပါၿပီ။ကူးစက္မႈ ကာကြယ္ ထိန္းခ်ဴပ္ ေရး အေရးႀကီးသလား ကိုဗစ္ ကူးစက္မႈ ထိန္းခ်ဳပ္ရန္ “ေမတၱာရပ္ခံ” “ၫြန္ၾကားခ်က္ထုတ္ေနတာပါ။

” မလုံေလာက္ ေၾကာင္း ကူးစက္ခံရသည့္ ကိန္းဂဏန္းမ်ားႏွင့္ ေဒသအႏွံ႔ (ေက်းလက္ေတာ႐ြာအထိ) ကူးစက္ခံေနရမႈ ၫြန္ျပေနပါၿပီ။ ကုသ ေဆး မရွိေသးေသာ္ လည္း ျဖစ္ႏိူင္ေျခ နည္းလမ္းမ်ိဴးစုံႏွင့္ “အင္တိုက္အားတိုက္” ကုသေရး လုပ္ငန္းေတြ ေဆာင္႐ြက္ေနပါတယ္။ သို႔ ေသာ္ ေဆး႐ုံတက္သူႏွင့္ ဆင္းသူ အခ်ိဴးမညီႏိူင္၍ လူနာ အေရအတြက္ စုပုံလာသလို ထိေတြ႕သူအေရအတြက္က တိုးတိုးလာပါၿပီ

Soe  Myint

unicode

ယခုရက် ပိုင်း “မန္တလေး” နှင့် “ပဲခူး” မှာ ကူးစက်မှု အလျှင် အမြန် တိုးလာနေပါတယ်။ ရန်ကုန်ကို နမူနာကြည့်လျှင် ၂ လ ၃ လအတွင်း ၆% က နေ ၉% အကြား တက်လိုက်ကျလိုက် ဖြစ်နေပါတယ်။ အပြည့်အဝ လော့ဒေါင်း လုပ်ရန်လည်း မြန်မာနိူင်ငံအတွက် စိန်ခေါ်မှု များစွာရှိ ပါ တယ်။ Home Stay အကြိမ်များစွာ ကြော်ငြာ ခဲ့သော်လည်း ကူးစက်မှု ရပ်တန့်မှု မရှိပါ။ Home Stay စည်းကမ်းကို စောင့်ကြပ်ကြည့် ရှု  အကောင်အထည်ဖော်မည့် “သီးခြားအဖွဲ့အစည်း” မရှိပါ။ ကိုဗစ်ကော်မတီလိုလို ကျန်းဦးစီးလိုလို ထွေအုပ်လိုလို စည်ပင်လိုလို.. ခေါ င်း ဆောင်ပျောက်နေပါ၏။

၁၄ ရက်  မပြတ်သား နိုင်၍ တို့တိတို့တိ နဲ့ ရက်ပေါင်း ၁၄၀ ဖြစ်ပါတော့မယ်။ ၁၄ ရက် အလုပ်မလုပ်လျှင် ဘာစားမလဲထင်မိ၍ ကိုဗစ် ကြောက် ပြီး ကျီးလန့်စာစားနှင့် ရက်ပေါင်း ၁၄၀ နီးကပ်လာပါပြီ။ ကျွန်ုပ်တို့ ဘယ်လိုလုပ်ကျမလဲ။ ပူးတွဲပုံလေးက ယခုလောက်ကူးစက်မှု မမြန်သေး သည့် ပထမလှိုင်းက ကူးစက်ပုံလေးပါ။ ယခုကူးစက်မှုနှုန်း ကတော့ ဤပုံ၏ ၂ ဆလောက်ဖြစ်နေပါပြီ။ကူးစက်မှု ကာကွယ် ထိန်းချူပ် ရေး အရေးကြီးသလား ကိုဗစ် ကူးစက်မှု ထိန်းချုပ်ရန် “မေတ္တာရပ်ခံ” “ညွန်ကြားချက်ထုတ်နေတာပါ။

” မလုံလောက် ကြောင်း ကူးစက်ခံရသည့် ကိန်းဂဏန်းများနှင့် ဒေသအနှံ့ (ကျေးလက်တောရွာအထိ) ကူးစက်ခံနေရမှု ညွန်ပြနေပါပြီ။ ကုသ ဆေး မရှိသေးသော် လည်း ဖြစ်နိူင်ခြေ နည်းလမ်းမျိူးစုံနှင့် “အင်တိုက်အားတိုက်” ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ သို့ သော် ဆေးရုံတက်သူနှင့် ဆင်းသူ အချိူးမညီနိူင်၍ လူနာ အရေအတွက် စုပုံလာသလို ထိတွေ့သူအရေအတွက်က တိုးတိုးလာပါပြီ

Soe  Myint

Add a Comment

Your email address will not be published. Required fields are marked *