စီနီယာနဲ့ ဂျူနီယာ (ကျား နဲ့ ဆင်) ထိပ်တိုက်တွေ့မယ့် ပွဲကြီး ပွဲကောင်း လာပါပြီ 

Posted on





unicode

မြန်မာ့ရိုးရာ လက်ဝှေ ့စိန်ခေါ်ပွဲကြီးလာပါပီ

ဒီဇင်ဘာ(၆) ရက် နေ့မှာ လက်ဝှေ့ထိပ် သီး ထွန်းထွန်းမင်းနှင့် ရွှေရာမာန်  တွေ့ဆုံရဖို့ အခြေ အနေ တွေ ဖြစ်ပေါ် လာပါပြီ ။ ရွှေရာမာန် အတွက် ထွန်းထွန်းမင်း ဟာ အချိန်မတန် သေးဘူးလို့ သုံးသပ်မှု တွေကလည်း ရှိနေ ပါ တယ် ။ အကြမ်းစား တိုက်စစ် တွေကို အားသွန် ဝုန်းဒိုင်း ကြဲတတ် တဲ့ ထွန်းထွန်းမင်း ရဲ့ တိုက်စစ် အောက်မှာ ရွှေရာမာဉ် တစ်ယောက် ပုံလဲ သွားဦး မှာလား မထင်မှတ် ထားတဲ့ ခွန် အားတွေနဲ့ ကြုံကြိုက်မှု ဟာ ထွန်းထွန်းမင်း ဆိုတဲ့ စီနီယာကြီး အတွက် အံ့အား သင့်စရာ နောင်တဖြစ် သွားလေ မလား ။ မြန်မာ့ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ လုပွဲ ပွဲစဉ် (၅) ဆိုတဲ့ ခေါင်းစဉ်အောက် မှာ ဒီမောင် နှစ်ဦး ဆုံဖို့ ဖြစ် လာခဲ့ပါပြီ ။

တူးတူးက လွဲရင် အချိန်တန်တဲ့ အခါ အကုန် ထိုးပါ့မယ် ဆိုတဲ့ ရွှေရာမာန်အတွက် တကယ့်ကို အားကုန်သုံးပြီး ယှဉ်ပြိုင်ရမယ့် ပွဲကြီး ပွဲကောင်းကြီးပါပဲ ။

ထွန်းထွန်းမင်း Vs ရွှေရာမာန် အခြားတွဲဆိုင်းများလည်း ထိုးသတ်ပါဝင်ပါမည်
နေ ့ရက် – ၆.၁၂.၂၀၂၀ တနင်္ဂနွေနေ ့
အချိန် – နေ ့လည် ၂.၀၀ လွှင့်မည့်လိုင်း – Skynet Sports 4 Channel ,Skynet Sports HD
ကျင်းပမည့်နေရာ – သိမ်ဖြူလက်ဝှေ ့ရုံ ရန်ကုန်မြို ့ ( ပရိသတ်မပါ ရုံပိတ်ကျင်းပသွားပါမည် )

Leave a Reply

Your email address will not be published. Required fields are marked *