ကိုဗစ် ပိုးကူး စက်မှုကြောင့် နိုင်ငံေ တာ် ဗဟို သံဃာ့ ဝန်ဆောင် ၊ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့၏ ဩဝါဒါ စရိယ ဆရာတော် ကြီး ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သာသနဓဇ သိရီပဝရ ဓမ္မာစရိ ယ ( အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ) စတုဘုမ္မိကနိကာယဂဏ နာယက ( ငှက်တွင်း ) အကျိုးတော် ဆောင် ယ နေ့ မနက်က ဘဝနတ်ထံ ပျံလွန်တော် မူသွားကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန (သာသနာရေး)၊ ဝန်ကြီးရုံး၊ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Myanmar Harp ကိုပြောသည်။
“ဆရာ တော် ကြီး ဘဝနတ် ထံ ပျံလွန်တော်မူသွားပါပြီ၊ အောက်တိုဘာ ၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ပါတယ်၊ နောက် သင်္ဃန်းကျွန်းဆေးရုံ၊ နော က် ဧရာဝတီ ကုသရေးစင်တာကို အောက်တိုဘာ ၁၁ရက်နေ့ က ပြောင်းရွှေ့ကုသပါတယ်၊ ဒီနေ့ မနက် ၅နာရီ ၅၅ မိနစ်တွင် ဘဝနတ် ထံ ပျံလွန်တော် မူ သွားပါတယ်”ဟု ၎င်းကပြောသည်။
ဘဝနတ် ထံ ပျံလွန်တော်မူ သွားသည့် ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရ သည် သက်တော် (၆၉)၊ သိက္ခာ (၄၉)ဝါ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်ေ တာင် မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၅၃-လမ်းထောင့်၊ စတုဘုမ္မိက ဗဟိုဌာနကျောင်းတိုက်၊ ဦးစီးပဓာနနာယ က လည်းဖြစ်တော် မူ သည် ဟု သိ ရ သည် ။
ဆရာေ တာ် ကြီး ကို ယနေ့ ၁၅-၁၀-၂ဝ၂ဝ (ကြာသပတေးနေ့) နံနက် ၉း၄၉ အချိန်တွင် အန္တိမဈာပန သဂြိုဟ်ပြီးစီးသွားပြီဟုလည်းသိရှိရသည် ။
အရှင် တေ ဇနိယ(မန်းတောင်ခြေ)က ဆရာတော်ကြီးနှင့် ပတ်သတ်ပြီး“ကျောင်းမှာသီတင်းသုံးရင်းအသက်ရူရတာမကောင်းလို့ကားဒရိုင်ဘာနဲ့ အတူေ ဝဘာဂီဆေးရုံမှာသွားပြတယ်။စစ်ဆေးကြည့်လိုက်တော့ကိုဗစ်ပိုးရှိတာတွေ့ရတယ်။
ဒါနဲ့ေ ကျာင်းတိုက် ကိုလော့ဒေါင်းချသံဃာ/ကျောင်းသားအားလုံးသက်ဆိုင်ရာသို့ပြောင်းရွေ့ခဲ့ရတယ်။ သက်သာပြီပြန်ရတော့မယ်လို့ထင်နေမှ ဒီမနက်မှာ ပျံလွန်တော်မူသွားတယ်။ ဒီဖြစ်စဉ်အားလုံးဟာရက်သတ္တပတ် အတွင်းမှာဖြစ်သွားတယ်၊ ကိုဗစ်ရောဂန္တရကပ်ဆိုးကြောင့်အရွ ယ် မျိုးစုံ/အဆင့်အတန်းမျိုးစုံအသက်သေဆုံးခြင်းနဲ့ကြုံရတယ်၊ ကပ်ရောဂါနှင့်ကြုံနေရတဲ့အခါမှာတော့ရာထူး/အာဏာ/ပါဝါဘယ်ေ လာက် ကြီးကြီးငွေကြေးဘယ်လောက်တတ်နိုင်/တတ်နိုင်လူမသိ/သူမသိ တိတ်တဆိတ် ပင်ဒဟေနိက္ခေပန အမှုပြုခဲ့ရတယ်၊ “” ကော ဇ ညာ မရ ဏံ သုဝေ”” ကပ်ရောဂါကာလအတွင်းမှာသွေးတိုး/ဆီးချိုအခြေခံရှိသူများအထူးသတိထားတော်မူကြပါဘုရား….ဘဝသံသ ရာ ခရီး ရှည်ကြီးမှာ…ဘေးဘယာဝေးကွာ….ကျန်းမာချမ်းသာကြပါစေ…..”ဟု ဖေ့ဘုတ်စာမျက်နှာထက် မိန့်ကြားထားသည်ကိုတွေ့ရ သ ည် ။
crd: MRTV