New Year(နှစ်သစ်ကူး)တွင် ရန်ကုန်မြို့ရှိ အင်းယားကန်အပါအဝင် နေရာသုံးခုကို ကိုဗစ်စည်းမျဉ်းနဲ့အညီ ဖွင့်ပေးမယ်တဲ့ …

Posted on

လာမည့် ဒီဇင်ဘာ (၃၁) ရက် နေ့ နှစ်သစ်ကူး New Year ည တွင် အင်းယား ကန်ဘောင် အပါ အဝင် အများ ပြည်သူ လည်ပတ် နိုင်မည့် နေရာသုံးခု ကို ကိုဗစ်စည်းကမ်း သတ်မှတ် ချက်များ နှင့် အညီ အပန်းဖြေလည် ပတ်ခွင့်ပြုထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပန်းဥယျာဉ် နှင့် အားကစားကွင်း များဌာန ဌာနမှူး ဦးကိုကိုလင်း က  ပြောပါ တယ်။

ဖောင်းဒိုင်း သိုင်းကွက်များကြည့်ရန် 👇 👇👇

“ ပန်းခြံ တွေက တော့ အများပြည်သူရုံး ပိတ်ရက် ဖြစ်တဲ့ အတွက် အကုန်လုံး ပိတ်မယ် ၊ ဒါပေမယ့် ကမ္ဘာ အေးရယ်၊ အင်းယားကန် ဘောင်ရယ်၊ ဗိုလ်ချုပ် ဘက် က open ဖြစ်နေတဲ့ အတွက် လူတွေက တော့ လာကြမှာပဲ၊ ဒါကြောင့် ပန်းဥ ယျာဉ် ဌာနအနေနဲ့ အင်းယားကန် ဘောင် ပြည်လမ်း ဘက်ခြမ်းဆိုရင် လူ အင်အား ၅၀၊ အင်ယားကန် ဘောင် ကမ္ဘာအေးမှာ ၅၀၊ ဗိုလ်ချုပ်ဘက် မှာ ဆိုရင် ၂၅ ဦး လူအင်အား ထပ်ဖြည့်ပြီး စွန့်ပစ်အမှိုက် တွေကို လင်းပြောင်စနစ် နဲ့ ဆောင်ရွက်သွား မယ်၊ ကျန်တဲ့ လုံခြုံရေးပိုင်း နဲ့ ကိုဗစ်နဲ့ ပတ်သက်တာတွေ ၊ ထွေအုပ် နဲ့ ပတ်သက်တာတွေ ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ ပူးပေါင်း ဆောင်ရွက်ပေး ပါလိမ့်မယ်”လို့ ဌာနမှူး ဦးကိုကိုလင်း က ပြောပါ တယ်

လက်ရှိ တွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှု ပြန့်ပွားမှု ကာကွယ် နိုင်ရန် အပန်းဖြေသူ များပြား စွာ လာရောက်မှု ရှိခဲ့သည့် မဟာဗန္ဓုလ ပန်းခြံကို ဒီဇင်ဘာ ၇ ရက် မှစတင်ပြီး ဝင်ရောက်ခွင့် အကန့်အသတ် မရှိ ပိတ်ပင် ခဲ့ကာ သုဝဏ္ဏပန်းခြံ နှင့် သင်္ဃန်းကျွန်းမြို့နယ် ရှိ ပြည်ထောင်စုပန်းခြံ ကိုလည်း မနက် ၅ နာရီမှ  ၉နာရီ အထိသာ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရပါတယ် ရန်ကုန်မြို့ တော်ရှိ ပန်းခြံများပိတ် ခြင်း၊ ဖွင့်ခြင်း များကို ကိုဗစ် ကော်မတီ၏ လမ်းညွှန်ချက် များဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရ ပါ တယ် ။

သိုင်းလောကသားတွေ "ကောင်းဘွိုင်မြင်းစီး" ပုံစံရဲ့ လျှို့ဝှက်ချက်ကို သိထားသင့်တယ်နော် 👇 👇👇

Myanma PlatForm

zawgyi




Myanma PlatForm

သိုင်းလောကသားများအတွက် တကယ်သိသင့် ဖတ်သင့်တဲ့ Post 👇 👇👇

Leave a Reply

Your email address will not be published. Required fields are marked *